Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံတွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး နိုင်ဂျီးရီးယား ထိပ်တန်းဘဏ်လုပ်ငန်းရှင် အပါအဝင် (၆)ဦး သေဆုံး

Pika (NSS) - ဖေဖော်ဝါရီ ၁၂ 

နိုင်ဂျီးရီးယားနိုင်ငံ၏ အကြီးဆုံးဘဏ်ကို ပူးတွဲတည်ထောင်သူ အပါအဝင် လူခြောက်ဦးကို တင်ဆောင်လာသည့် ရဟတ်ယာဉ်တစ်စင်းသည် အမေရိကန်နိုင်ငံ ကယ်လီဖိုနီးယားပြည်နယ် တောင်ပိုင်း သဲကန္တာရရှိ Mojave National Preserve နေရာအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူများထဲတွင် Access Bank ၏ ပူးတွဲတည်ထောင်သူ အသက်(၅၇)နှစ်အရွယ် ဟားဗတ်ဝစ်ဝီပါဝင်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ Isiokpo မြို့ရှိ ၎င်း၏ မိသားစုဝင်များက ပြောကြားခဲ့သည်။


၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်အထိ နိုင်ဂျီးရီးယား စတော့အိတ်ချိန်း၏ အမျိုးသားကောင်စီဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသလို ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အထိ Nigerian Exchange Group Plc ၏ အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အသက်(၆၁)နှစ်အရွယ် Abimbola Ogunbanjo သည်လည်း သေဆုံးသူများထဲတွင် ပါဝင်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ  Lagos မြို့ရှိ ၎င်း၏ မိသားစုဝင်များက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ Eurocopter EC 130 ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ(၉)ရက် ည(၁ဝ)နာရီအချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း Federal Aviation Administration (FAA) က ပြောကြားခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်း အရင်းများကို အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့နှင့်အတူ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း (FAA) က ပြောကြားခဲ့သည်။

Eurocopter EC 130 ရဟတ်ယာဉ် ပျက်ကျသည့်နေရာသည် နီဗားဒါးပြည်နယ် နယ်စပ်နီးတွင် ဖြစ်ကြောင်းလည်း သိရသည်။ ယင်းရဟတ်ယာဉ်သည် နီဗားဒါးပြည်နယ် Boulde မြို့သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း KABC သတင်းဌာနကဖော်ပြခဲ့သည်။ San Bernardino County Sheriff-Croner Department က "ရဟတ်ယာဉ်ပျက်ကျ တဲ့နေရာဟာ Halloran Springs လမ်းအနီး၊ 15-Freeway ရဲ့ အရှေ့ဘက်မှာလို့ ဆုံးဖြတ်ထားပါတယ်။  ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်ရစ်တဲ့သူရှိပုံ မပေါ်ပါဘူး" ဟုပြောခဲ့သည်။

Access Holdings ကုမ္ပဏီက "ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ကုမ္ပဏီစီအီးအို ဟားဗတ်ဝစ်ဝီ၊ သူ့ရဲ့ဇနီးနဲ့ သားဖြစ်သူတို့လည်း ပါဝင်ပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ကမ်းပိန်း TikTok တွင် ပါဝင်လာ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved