အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် Hyundai Staria ကားတစ်စီး မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် Hyundai Staria ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှု ကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၀ ရက်)၊ နံနက် ၁၀နာရီ ၂၀မိနစ်အချိန်တွင် အင်စိန်မြို့နယ်၊ ရွာမအနောက်ရက်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားအင်ဂျင်ခန်းတစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“မီးလောင်တာက ရပ်ထားတဲ့ Hyundai Staria ကားတစ်စီးပါ။ ကားအင်ဂျင်ခန်းထဲက စပြီးလောင်တယ်လို့ သိရတယ်။ ကားတစ်စီးလုံးလောင်သွားတာမဟုတ်ပါဘူး။ ကားအင်ဂျင်နဲ့ ရှေ့ပိုင်းပဲလောင်တာပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ကြောင့် ၎င်းကားမီးလောင်မှုဖြစ်စဉ်အား အင်းစိန်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက (၄)မိနစ်ခန့်အကြာ သွားရောက် မီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ရန်ကုန်မြို့တွင် ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ယနေ့အချိန်ထိ ကားမီးလောင်မှု (၅)ကြိမ်အထိ ဖြစ်ပွားခဲ့ဖူးကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ ပဋိပက္ခသည် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရ်ှအတွက် စိုးရိမ်စရာဖြစ်လာဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ