Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံ ပဋိပက္ခသည် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရ်ှအတွက် စိုးရိမ်စရာဖြစ်လာဟုဆို

Htay Oung (NSS) - ဖေဖော်ဝါရီ ၁ဝ

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တို့အကြား ပဋိပက္ခများ ပြင်းထန်လာခြင်းဟာ နိုင်ငံနယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ နယူးဒေလီမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က ဗုဒ္ဓဟူးနေ့မှာ ပြောပြကြောင်း “သည်ဟိန္ဒူ” သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၅ ရက်က ရေးသားပါတယ်။


တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်းလုံခြုံရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လာမယ့်လများအတွင်း အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရ်ှနိုင်ငံအကြား ချိတ်ဆက်မှုစီမံကိန်းအသစ်များကို စတင်နိုင်ဖွယ်ရှိတယ်လို့ အိန္ဒိယထောက်လှမ်းရေးအကြီးအကဲ၊ ၀န်ကြီးချုပ်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ အဂျစ်ဒိုဗယ်နဲ့တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ ဟာဆန်မာမွတ်က ပြောပါတယ်။  

မြန်မာနိုင်ငံက အခြေအနေတွေ တနေ့တခြား ပိုဆိုးလာပုံကို ဆွေးနွေးခဲ့ကြောင်း၊  ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းအထိ မြန်မာနယ်ခြားစောင့်အများစုပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ တပ်မတော်သားများ စုစုပေါင်း ၃၈၈ ဦးတို့ဟာ စစ်တကောင်းနဲ့ ရခိုင်နယ်ခြားကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံအ တွင်း  ဝင်ရောက်လာခဲ့ကြောင်း၊  သူတို့ကို ခိုလှုံခွင့်ပေးထားပြီး အဲဒါတွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ (နေပြည်တော်နဲ့)  တိုင်ပင်နေတယ်လို့ အိန္ဒိယမီဒီယာကလပ်မှာ သတင်းစာဆရာများနဲ့ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ဟာဆန်မာမွတ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။နေပြည်တော်ရှိ ဘင်္ဂလားဒေ့ရ်ှသံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ခေါ်ယူဖို့ သဘောတူခဲ့ကြောင်း၊ သင်္ဘောနဲ့ သို့မဟုတ် လေကြောင်းမှ ခေါ်ယူမယ်ဆိုတာ ဆွေးနွေးတဲ့ မေးခွန်းဖြစ်ကြောင်း၊ ဒါပေမယ့် အိန္ဒိယရော ဘင်္ဂလားဒေ့ရ်ှပါ  မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် နှစ်နိုင်ငံလုံးက စိုးရိမ်နေကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက အရေးကြီးတဲ့အတွက် အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှရောက် မြန်မာနယ်ခြားစောင့်ရဲနဲ့ စစ်ဘက်တပ်ဖွဲ့၀င်များကိစ္စလည်း ပါ၀င်တယ်လို့ ဟာဆန်မာမွတ်က သတင်းထောက်များ မေးခွန်းကို ပြန်လည်ဖြေဆိုပါတယ်။

မြန်မာစစ်ဘက်ဆိုင်ရာ ကျုးကျော်မှုများအပြင် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ  မြန်မာဘက်ခြမ်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နယ်ကျွံလာတာနဲ့ ရင်ဆိုင်ခဲ့ရပြီး ပိုင်နက်နယ်မြေအတွင် အရပ်သားနှစ်ဦး သေဆုံးခဲ့ရပါတယ်။ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဟာ ကော့ဘဇားနယ်စပ်အနီးမှာ ဖြစ်ပွားနေပြီး ပေါက်ကွဲပစ္စည်းများနဲ့ သေနတ်များအပြန်အလှန်ပစ်ခတ်နေသံများကိုလည်း ကြားနေရကြောင်း မျက်မြင်သက်သေများက ပြောကြပါတယ်။

AA၊ MNDAA နဲ့ TNLA တို့ ပူးပေါင်းပြီး မြန်မာစစ်ဘက်စခန်းများကို တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ပြင်းထန်လာခဲ့ပါတယ်။  AA ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး စီးပွားရေးအရ အရေးပါတဲ့ ပလက်ဝမြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ မြန်မာဘက်မှာ အသေအပျောက် များပြားလာတဲ့အတွက် မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ တပ်မတော်သား အများအပြားတို့ဟာ ဘင်္ဂလား ဒေ့ရ်ှနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့အတွင်း ခိုလှုံရန် ကြိုးပမ်းလျက်ရှိနေပါတယ်။ ဟာဆန်မာမွတ်ဟာ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး အက်စ်ဂျိုင်ရှန်ကာနဲ့တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုများ ပြန်လည်သုံး သပ်ခြင်း အပါအဝင် ကိုယ်စားလှယ်အဆင့် ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့ ညနေမှာ ပြုလုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည် ၁.၂ သန်းကျော်ကို လက်ခံထားရှိပြီးဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဟာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ထိပ်တိုက်တွေ့မှု တိုက်ပွဲများ ကျွံထွက်လာခြင်းနဲ့ ရင်ဆိုင်နေရပါတယ်။

ဇန်နဝါရီလ ၂ ရက် အိန္ဒိယမီဇိုရမ်ပြည်နယ်မှ စစ်တွေမြို့သို့ မြန်မာစစ်ဘက်တပ်ဖွဲ့၀င် ၁၅၀ ဦးထက်မနည်း လေကြောင်းခရီးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်မှာတော့ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ အမှုထမ်းများကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ဆောင်ရွက်နေစဉ် မြန်မာ့တပ်မတော်လေယာဉ်တစ်စီးဟာ မီဇိုရမ် ပြည်နယ် လမ်ပူရီလေယာဉ်ကွင်းမှာ မတော်တဆဖြစ်ပြီး ပျက်စီးခဲ့ပါတယ်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှတို့ စိုးရိမ်နေကြခိုက် အိန္ဒိယအရှေ့မြောက်ဖျား ကုန်းတွင်းပိတ် ပြည်နယ်များနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း အလားတူ ပြင်းထန်တဲ့ ပဋိပက္ခများ ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

(The Hindu., 7 February 2024,” Conflict in Myanmar is worrying India and Bangladesh: Hasan Mahmud” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဖေဖော်ဝါရီလ ၁ဝ ရက်အတွက် သတင်းထူးများ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved