မန္တလေးမြို့တွင် (၂)ဖက်ရပ်ကွက်သားချင်း အုပ်စုလိုက် ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်တွင် (၂)ဖက်ရပ်ကွက်သားချင်း အုပ်စု လိုက် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရွှေမဉ္ဇူလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၈ ရက်၊ ည ၁၀ နာရီ အချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ တံခွန်တိုင်အဝိုင်းအနီးတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ကွက်(သား)ချင်းစကားများကြရင်းဖြစ်တာပေါ့။ အဲဒီမှာရှိတဲ့ အရာတော်ရပ်ကွက်နဲ့ တောင်မြင့် ရပ်ကွက်က ရန်ဖြစ်ကြတာ။ ရန်ဖြစ်ရင်းနဲ့ လူငယ် တစ်ယောက် ဓားနဲ့အထိုးခံရတာပေါ့။ ဗိုက်မှာ ဓားဒဏ်ရာ (၅)ချက်နဲ့ ပွဲချင်းပြီးဆုံးသွားတယ်”ဟု ရွှေမဉ္ဇူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူသည် အသက် (၂၃)နှစ်အရွယ်ရှိ လူငယ်အမျိုသားတစ်ဦးဖြစ်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ “ပြောရရင်တော့ ခုခေတ်ကိုက အချင်းချင်းမျက် စောင်းထိုးရင်တောင် ထရန်ဖြစ်ကြတာဆိုတော့ ဖြစ်ကြတာပေါ့။ ခုဟာက ဘယ်လိုကစပြီးဖြစ်တာလဲတော့မသိပေမဲ့ လူအများကြီးနဲ့ ဖြစ်ကြတာလို့ သိရ တယ်။ ခုဓားထိုးခံရတဲ့လူကလည်း ရှေ့ဆုံးက ဝင်လာ တော့ သူကမိသွားတဲ့သဘောပါ။ ဓားနဲ့ထိုးတဲ့လူကို တော့ ခုထိသက်ဆိုင်ရာက စုံစမ်းနေတုန်းပါ”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုသား၏ ရုပ်အလောင်းကို ရွှေမဉ္ဇူလူမှုကူညီရေးအသင်းက မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့်(၈)ဖြင့်သာကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်အသင်းက အခြား အသင်းများထက် ခြေလှမ်းကျဲကျဲဖြင့် အင်အားဖြည့်တင်းနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ