Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့်(၈)ဖြင့်သာကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်အသင်းက အခြား အသင်းများထက် ခြေလှမ်းကျဲကျဲဖြင့် အင်အားဖြည့်တင်းနေ

သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၉

ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့်(၈)ဖြင့် သာ ကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်အသင်းက အခြားအသင်းများထက် ခြေလှမ်းကျဲကျဲဖြင့် အသင်း အင်အားဖြည့်တင်းနေပြီး မြန်မာနေရှင်နယ်လိဂ် (MNL) တွင် အကြိတ်အနယ်ပြိုင်ဆိုင်မှုများကို ပိုမို မြင်တွေ့ရဖွယ်ရှိနေကြောင်း သိရသည်။


ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနေရှင်နယ်လိဂ်အသင်းများ အနက်  ပထမဆုံးအကြိမ်အဖြစ် ကစားသမားများ၏ လစာကို ကြေညာခေါ်ယူသည့် ဘောလုံးအသင်း ဖြစ်လာခဲ့ကာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ကစားသမားခေါ်ယူရန် လူရွေးပွဲ ပြုလုပ်မည် ဖြစ် ကြောင်း နှင့် ရွေးချယ်ခံရပါက ရခိုင်ယူနိုက်တက် အသင်းအတွက် ကစားသမားလစာကို ငွေကျပ် (၁၀)သိန်းမှ (၁၅)သိန်း၊ ယူ ၂၃ ကစားသမားလစာကို ငွေကျပ် (၆) သိန်း မှ (၉)သိန်းနှင့် အဆိုပါအသင်း ပိုင်ရှင်ကပင်ပိုင်သည့် မြန်မာနေရှင်လိဂ်(၂)တွင် ကစားနေသော ရက္ခပူရအသင်း ကစားသမားလစာကို ငွေကျပ်(၃)သိန်းမှ (၅)သိန်းပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ထို့ပြင် ထင်မှတ်မထားသည့် သတင်းထူးတစ်ခု အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့တွင် တိုက်စစ် မှူးတစ်ဦးအဖြစ် အထူးခြေစွမ်းပြခဲ့ကာ မြန်မာ နေရှင်နယ်လိဂ်တွင်လည်း ထင်ရှားခဲ့ပြီး ထိုင်းနိုင်ငံရှိ ကလပ်အသင်းများသို့ပင် သွားရောက်ကစားခဲ့ပြီး ဘောလုံးလောကမှ နှစ်အတန်ကြာပျောက်နေခဲ့သည့်  ကျော်ကိုကို ကိုရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူ နိုင်ခဲ့သည်။

“ဒီနှစ် ရခိုင်ယူနိုက်တက်အသင်းရဲ့ စုဖွဲ့ပြင်ဆင် အားကောင်းမှု၊ နည်းပြအဖွဲ့ကျစ်လစ် အားကောင်းမှု၊ အသင်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက် ကောင်းမွန်မှု၊ အသင်းပိုင်ရှင်ရဲ့ မြန်မာဘောလုံးလောက ပြန်လည် ဦးမော့လာရေး စွမ်းစွမ်းတမံ ကြိုးစားအားထုတ်နေမှု များကို လေ့လာသုံးသပ်ပြီး   ငွေကြေးကို အဓိကမထား ပဲ ဒီအသင်းကိုရွေးချယ်ခဲ့တာလို့ ဆိုပါတယ်”ဟု ကျော်ကိုကိုနှင့်ပတ်သက်၍ ရခိုင်ယူနိုက်တက်အသင်း က ၎င်းတို့၏ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာ ထက် တွင် အသိပေးထားသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ခံစစ်ပိုင်းကို ဦးစားပေးသတိထားပြင်ဆင်နေကြောင်း ၎င်းတို့ ခေါ်ယူခဲ့သည့် လူစာရင်းအရသိရကာ ခံစစ်အတွက် ၂၀၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ယူ-၂၀ ကမ္ဘာ့ဖလားတွင် မြန်မာအသင်း၏ နောက်တန်းမှ ခြေစွမ်းပြခဲ့သည့် ရခိုင်ယူနိက်တက်ကစားသမား ဟောင်း သီဟထက်အောင်ကို (၃)လစာချုပ်ဖြင့် ပြန်လည်ခေါ်ယူထားနိုင်သည့်အပြင် ၎င်းနှင့်တွဲဖက် ကစားရန် ရှမ်းယူနိုက်တက် နောက်ခံလူဟောင်း အိုင်ဗရီကို့စ်နိုင်ငံသား Kekere Moukailou နှင့် ကွင်းအတွင်း ဘက်စုံကစားနိုင်သူ ကင်မရွန်း လူငယ်လက်ရွေးစင်ဘောလုံးသမား Effa Alexisi Smael တို့ကိုခေါ်ယူထားသည်။

ထို့ပြင် ဥရောပတိုက်၊ အာဖရိကတိုက်နှင့် အာရှ တိုက်ရှိ ကလပ်အသင်းများတွင် နည်းပြလုပ်ခဲ့ကာ အောင်မြင်မှုအထိုက်အလျောက်ရရှိပြီး နောက်ဆုံး ကိုင်တွယ်ခဲ့သည့် Gokulam Kerala B အသင်းကို 2023 India Kerala Premier League ပြိုင်ပွဲတွင် Runner Up ဖလားရယူပေးနိုင်ခဲ့သူ အာဖရိက မောရင်ဟိုဟု နာမည်ကြီးခဲ့သော ပေါ်တူဂီ နိုင်ငံသား နည်းပြ Paulo Jorge Silva ကို ရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူခဲ့ကာ မကြာမီ မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

လိဂ်ကိုစတင်ခဲ့စဉ်က ပရိတ်သတ်များစွာရရှိခဲ့သော်လည်း ကြားကာလအခြေအနေများကြောင့် ပရိတ်သက်အားပေးမှုကျဆင်းသွားခဲ့ရသည့် မြန်မာ နေရှင်နယ်လိဂ်တွင် ကစားသမားအပြိုင်အဆိုင် ခေါ်ယူမှုများကို မြင်တွေ့နေရကာ မျိုးဆက်သစ် ကစားသမားများလည်း ပေါ်ပေါက်နေခြင်းကြောင့် လာမည့် ကာလတွင် ယခုအနေအထားထက် ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာဖွယ်ရှိနေကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးမြို့တွင် နာရီပိုင်းအတွင်းမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံးနှင့် တိုက်ခန်းတစ်ခန်းမီးလောင်ပျက်စီးခဲ့

RELATED POSTS
RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved