ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မိခဲ့ရာ (၆)ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - ဖေဖော်ဝါရီ ၉
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မိခဲ့ရာ (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်)၊ မွန်းလွဲ (၂)နာရီ ၃ဝ မိနစ် ဝန်းကျင်အချိန်တွင် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် (၇၀/၄)နှင့် (၇၀/၅)အကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဥသျှစ်ကုန်း အမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။
အဆိုပါကားသည် SUZUKI ERTIGA အမျိုးအစားဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာစဉ် အခင်း ဖြစ်ပွားရာနေရာအရောက်တွင် ကားတာယာပွင့်၍ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက ရန်ကုန်ကနေ လာတာ။ နောက်ဘီးတာယာပွင့်ပြီးတော့ လမ်းလယ်ကျွန်းမှာရှိတဲ့ သစ်ပင်ကို တိုက်ပြီး တော့ တစ်ဖက်ယာဉ်ကြောကို ရောက်သွားတာပါ။ ယာဉ်ပေါ်မှာ ပါတာတော့ (၆)ဦးပါ။ ကနဦးအရဆိုရင် ထိခိုက် ဒဏ်ရာ စိုးရိမ်ရတာက (၂)ဦးပါ။ ကျန်တာက မစိုးရိမ်ရဒဏ်ရာနဲ့ပေါ့” ဟု ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား၂ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ကလေး (၁)ဦး နှင့် အမျိုးသမီးတစ်ဦးတို့သည် စိုးရိမ်ရသည့် အခြေအနေရှိ ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တွင် (၂)ဖက်ရပ်ကွက်သားချင်း အုပ်စုလိုက် ရန်ဖြစ်စကားများရာမှ အမျိုးသားတစ်ဦး ဓားထိုးခံရ၍ ပွဲချင်းပြီး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ