Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခင်ဦးမြို့နယ် စာသင်ကျောင်းအတွင်းမှ PDF အဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိကြောင်း နစက ထုတ်ပြန်

ရဲပြည့် (NP News) - မတ် ၂၅ 


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် စာသင်ကျောင်းအတွင်းမှ PDF များ၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိကြောင်း နစကဘက်မှ မတ်လ ၂၄ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ 


စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၂၃ ရက်၊ နံနက် ၇ နာရီအချိန်တွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ လက်နက်ခဲယမ်းများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့မှ ထုတ်ပြန်ထားသည်။ 


သိမ်းဆည်းရမိသည့် လက်နက်များတွင် လက်လုပ်စိန်ပြောင်း ၁ဝ လက်၊ လက်လုပ်ရှေ့ ထွက်မိုင်း ၃ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ ၁၂ ဗို့ကျည် ၂၂ တောင့်တို့ပါဝင်ပြီး ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာ အင်္ကျီတွင်ထည့်သောသံပြား ၂ ချပ်၊ ဆိုင်ကယ်ဘက္ထရီအိုး ၂ လုံး၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ရှာထိုး ဦးထုပ် ၁ လုံးတို့ပါဝင်ကြောင်းသိရသည်။


ထို့ပြင် ပြောက်ကျားလည်တိုဖိနပ် ၃ ရံ၊ လက်လုပ် စိန်ပြောင်း ဒေါက်တိုင် ၄ ချောင်း၊ ဝါးညှပ် ၃ ခု၊ ဆေးထိုးပိုက် 20 CC ၂၀ ချောင်း၊ အရှည် ၃ဝ ပေခန့်ရှိ ဝိုင်ယာကြိုး ၃ ခွေ၊ အရှည် ၂၀၀ ပေခန့်ရှိ နိုင်လွန်ကြိုး ၁ ခွေနှင့် အရှည် ၁ဝဝ ပေခန့်ရှိ ငါးမျှားကြိုး (တိုက်ကြိုး) ၁ ခွေတို့အား သိမ်းဆည်းရမိကြောင်းသိရသည်။


ခင်ဦးမြို့နယ်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များအကြား အပြန်အလှန် တိုက်ပွဲမကြာခဏဖြစ်ပွားပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ပြည်သူများအား သတင်းပေးဒလန်နှင့် ပျူစောထီးအဖွဲ့ဝင်များဟု စွပ်စွဲကာ မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများကြုံနေရသည့် ဒေသလည်းဖြစ်သည်။


လက်ရှိတွင် နစကမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ ပစ်ခတ် တိုက် ခိုက်ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version



ရဲပြည့် (NP News) - မတ် ၂၅ 













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

IMF နှင့် သဘောတူညီချက်အစီအစဉ်အတိုင်း တရွတ်တိုက်လိုက်ပါရင်း ဂါနာနိုင်ငံ၏ ငွေ ကြေးဖောင်းပွမှု မြင့်တက်လာ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved