Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
IMF နှင့် သဘောတူညီချက်အစီအစဉ်အတိုင်း တရွတ်တိုက်လိုက်ပါရင်း ဂါနာနိုင်ငံ၏ ငွေ ကြေးဖောင်းပွမှု မြင့်တက်လာ

Htay Oung (NP News) - မတ် ၂၅


အတ္တလန်တိတ် သမုဒ္ဒရာကို မေးတင်လျက်ရှိတဲ့ အာဖရိကတိုက် အနောက်ပိုင်း ဂါနာနိုင်ငံဟာ ဆယ်စုနှစ်များ အတွင်း တိုင်းပြည်ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းများနဲ့ ရင်ဆိုင်နေရပါတယ်။ 


ငွေကြေးဖောင်းပွမှု မြင့်မားလာခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ဖို့ အိတ်ကပ်ထဲ ရှိသမျှ ကုတ်ခြစ်နှိုက် ထုတ်နေရသူ နိုင်ငံသား အများအပြားတို့ရဲ့ ဆင်းရဲဒုက္ခအပေါ် ပိုမိုဖိစီးလာတယ်လို့ ဂျာမန် Deutsche Welle (DW) “ဒွိုက်_ဝယ်လီ” သတင်းအေဂျင်စီက ယနေ့(မတ်လ ၂၅ ရက်)မှာရေးသားပါတယ်။ 


ဂါနာနိုင်ငံ မြို့တော်အက်ကရာမှာ အိုင်တီကျွမ်းကျင်သူအဖြစ် လုပ်ကိုင်နေတဲ့ ဒီလာအိုမာဟာ သူ့ရဲ့မိသားစု ငါးယောက်နဲ့အတူ အတော်အဆင်ပြေတဲ့ ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ နေထိုင်ခဲ့ဖူးသည်။ ဒါပေမဲ့  မကြာသေး မီလများအတွင်း သူ့နိုင်ငံရဲ့ တနေ့တခြား ဆိုးရွားလာတဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖို့အတွက် ရုန်း ကန်နေခဲ့ရပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ နေ့စဉ်ဆက်တိုက် စျေးနှုန်းတိုးမြင့်မှုကို ရင်ဆိုင် ဖြေ ရှင်းဖို့ကိစ္စဟာ အလွန်ခက်ခဲလာတယ်လို့ အိုမာက ပြောပါတယ်။ ဒီအတွက် ငွေရှာနိုင်ဖို့ ပိုကြိုးစားနေရပြီး အခြားအလုပ်တွေလဲ လုပ်နေရတယ်လို့ ရှင်းပြပါတယ်။


ဂါနာစာရင်းအင်းဌာနအဆိုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၅၂ ဒဿမ ၈ ရာခိုင်နှုန်း ဖြစ်ပြီး မနှစ်ကနဲ့နှိုင်းယှဉ်ရင် ကုန်ပစ္စည်းဈေးနှုန်းတွေဟာ နှစ်ဆကျော် မြင့်တက်လာကြောင်း သိရှိရပါတယ်။ စားသောက်ကုန်များနဲ့ အခြားကုန်စည်စျေးနှုန်းတွေဟာ အိုမာတို့လို စဉ်ဆက်မပြတ် ဒုက္ခရောက်ရောက်နေတဲ့ မိသားစုတွေအတွက် လိုက်မမီနိုင်အောင် ဖြစ်နေရပါတယ်။ 


တကယ်တော့ (လူဦးရေ ၃၂ သန်းနေထိုင်ရာ) ဂါနာနိုင်ငံမှာ ကုန်စျေးနှုန်းပြဿနာနဲ့ ရင်ဆိုင်နေရတာ အိုမာ တို့လိုလူတွေချည့် မဟုတ်ပါ။ အရင်းအနှီးသိပ်များများ မရှိပဲ လုပ်ကိုင်နေတဲ့ အသေးစားလုပ်ငန်းတွေမှာလည်း အထိနာဆုံး ရုန်းကန်နေရပါတယ်။ ဥပမာအားဖြင့် ကားအပိုပစ္စည်းများ တင်သွင်းပြီး တပိုင်တနိုင် ရောင်းချတဲ့ ကုန်သည်တွေ မှာလည်း အဆင် မပြေဖြစ်နေပါတယ်။ ဒီနေ့ ရောင်းချလိုက်တဲ့ပစ္စည်းကို နောက်နေ့ ပြန်၀ယ်ရင် အဲ့ဒီစျေးနဲ့ မရတော့ပါဘူး၊ ရင်း နှီးရသလောက် အမြတ်ငွေ မကျန်တော့ပဲ ဖြစ်နေပါတယ်။ ရင်းသမျှ ရှုံးနေတဲ့ ပြည်တွင်း “စီဒီငွေ" ရဲ့ တန်ဖိုး မတည်ငြိမ်မှုကိုပဲ အပြစ်တင်စရာ ရှိပါတော့တယ်။ စီးပွားရေးအခြေအနေ မကောင်းတဲ့ အတွက် ရောင်းတဲ့ပစ္စည်း တော်တော်များများကို ပြန်၀ယ်လို့ မရတော့ပါဘူး။ ဈေးနှုန်းမတည်ငြိမ်တာကြောင့် လုပ်ငန်း ရှစ်ဆယ်ရာခိုင်နှုန်း ပြိုကျသွားတယ်လို့ ကားပစ္စည်းရောင်းသူ ဆမ်ပါနာ_အိုဆီက ဆိုပါတယ်။


ဂါနာမှာ လအတော်ကြာ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီးနောက် လူအများရဲ့ ဝယ်လိုအားမှာလည်း လျော့ ကျသွားရပါတယ်။ လောင်စာဆီဈေးနှုန်းမှာ အနည်းငယ်တည်ငြိမ်သယောင် ရှိပေမဲ့ ယခင်နှစ်ဆန်းပိုင်းနဲ့ နှိုင်း ယှဉ်ရင် မြင့်မားနေဆဲဖြစ်ပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေရရှိဖို့ သဘောတူညီ ကြောင်း သတင်းထုတ်ပြန်ပြီးနောက်ပိုင်း စီးပွားရေးအပေါ် ယုံကြည်မှု အနည်းငယ်သာ တိုးတက်ခဲ့ပါတယ်။


နိုင်ငံအနေနဲ့ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအခြေအနေများကို ရင်ဆိုင်နေရကြောင်း၊ မြင့် မား တဲ့ ငွေကြေးဖောင်းပွမှုစနစ်ဟာ စားသောက်ကုန်နဲ့ တင်သွင်းကုန် ပစ္စည်းများအားလုံးအပေါ် တစ်ပြိုင် နက် ထိခိုက်စေကြောင်း၊ တင်သွင်းကုန်များအပေါ် အလွန်အမင်းမှီခိုနေရတဲ့အတွက် စျေးနှုန်းများ မြင့်တက်နေရကြောင်း၊ ငွေကြေးဖောင်းပွမှုအကျပ်အတည်းကို ဖြတ်ကျော်ရန် နည်းလမ်းမရှိကြောင်း ဘဏ္ဍာရေးလေ့လာသူ ပါမောက္ခ ဂျွန်ဂတ်ဆီက ရှင်းပြပါတယ်။


ငွေကြေးဖောင်းပွမှုကို ဖန်တီးနေတဲ့ စားသောက်ကုန်များဟာ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ အဓိကပစ္စည်းများ ဖြစ်တာကြောင့် စီးပွားရေးရင်းမြစ်များနဲ့ ကာယဥာဏစွမ်းအားတွေကို နှိုးဆွပြီး ထုတ်လုပ်တဲ့အဆင့်ရောက်ဖို့ အရေးကြီးကြောင်း ဂတ်ဆီက ပြောပါတယ်။ ဂါနာစီးပွားရေးပညာရှင်များကတော့ ညံ့ဖျင်းတဲ့ စီးပွားရေး ဆုံး ဖြတ်ချက်များအပေါ် လက်ရှိ မြင့်မားနေတဲ့ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများကို အပြစ်တင်ကြပါတယ်။ အစိုးရလုပ်ငန်းများကို ငွေကြေးထောက်ပံ့တဲ့အနေနဲ့ ဂါနာဘဏ်မှ ဗဟိုအစိုးက ချေးငွေအလွန်အကျွံထုတ်ယူခြင်းဟာ အကျပ်အတည်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ဆိုကြပါတယ်။


ယူကရိန်းစစ်ပွဲဟာ ဂါနာလယ်သမားများ မှီခိုနေရတဲ့ ဓာတ်မြေသြဇာစျေးနှုန်းကို ပြောင်းလဲစေခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း စစ်ပွဲရဲ့ ဂယက်ရိုက်ခတ်မှုဟာ (အခြားနိုင်ငံများနည်းတူ) ဂါနာနိုင်ငံအပေါ်လည်း ကျရောက်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် စီးပွားရေး အပျက်သဘော ဆောင်ပြီး ငွေကြေးဖောင်းပွမှုကို မြင့်မားစေကြောင်း ဂါနာအစိုးရက တစိုက်မတ်မတ် ငြင်းခုံခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါမမှန်ဘူးလို့ ပါမောက္ခဂတ်ဆီက ဆိုပါတယ်။ ဂါနာဟာ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ခရမ်းချဉ်သီး တွေကို ဆာဟာရတောင်ဖက်ဒေသကနေ တင်သွင်းနေပါတယ်၊ အဲ့ဒါ ယူကရိန်း-ရုရှားစစ်ပွဲက လုပ်ထာမဟုတ်ဘူး" လို့ ပြောပါတယ်။ 


ဂါနာနိုင်ငံရဲ့ ကြွေးမြီပမာဏဟာ နှစ်ပေါင်းများစွာ မတည်မငြိမ်ဖြစ်နေခဲ့ပြီး အစိုးရရဲ့ ကြွေးမြီများအတွက်  ပြည်တွင်းမြီရှင်များနဲ့ ကြွေးမြီဖလှယ်ရေး အစီအစဉ်ကို ပြန်လည်ညှိနှိုင်းခဲ့ရပါတယ်။ IMF ထံမှ ချေးငွေဒေါ်လာ ၃ ဘီလီယံ ရရှိရန် ပြည်ပမြီရှင်များနဲ့ အစိုးရ ကြွေးမြီတွေကို ပြန်လည်ချိတ်ဆက်နိုင်ခြင်း မရှိသေးပါဘူး၊ သုံးနှစ် အ တွင်းရရှိဖို့ မျှော်မှန်းထားတဲ့ ချေးငွေအများစုဟာ နိုင်ငံရဲ့ ငွေပေးချေမှုရှင်းတမ်းကို တည်ငြိမ်စေရန် ဖြစ်ပါတယ်။ ယခုလအတွင်း သဘောတူညီချက်တစ်ခုကို အပြီးသတ်ဖို့ ဂါနာအစိုးရ အချိန်ဇယားသတ်မှတ်ထားပေမဲ့ အဲဒီရည်မှန်းချက်ဟာ မဖြစ်နိုင်တော့ပါဘူး။ ဒီကြားထဲ နိုင်ငံသားတွေဟာ စီးပွားရေးအရ အခက်အခဲတွေ ပိုကြုံလာ ရတယ်။


(ယခု လတ်တလော အမေရိကန်တွင် ပြည်တွင်း ဒေါ်လာငွေတန်ဖိုး ဖောင်းပွမှုကို ချေဖျက်ရန် ၄င်းတို့ ဗဟို ဘဏ်က အတိုးနှုန်းမြှင့်တင်ခဲ့ကြောင်း ထိုအတွက် ဘဏ်ကြီးများ ပြိုလဲသည်အထိ နောက်ဆက်တွဲ ဖြစ်ပေါ်လျက်ရှိကြောင်း အများသိဖြစ်ပါသည်။ ဤတွင် အမေရိကန်မှစ၍  ကမ္ဘာ့နိုင်ငံများအထိ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်နိုင်ကြောင်း သတိပေးနေသည်မှာ နိုင်ငံတကာစီးပွားရေးပညာရှင်များ ဖြစ်ပါသည်။


ကျွန်တော်တို့ဆီတွင်တော့ အမေရိကန်စီးပွားရေး ဘယ်နည်းနှင့်မှ မပြိုလဲနိုင်ဟု တစ်ခွန်းတည်းသော ကောဏ္ဍ ညဟောကိန်းရှင် စီးပွားရေးပါရဂူများကို တွေ့ရသည်။ သူတို့ပြောသည့်အတိုင်း အမေရိကန်သည် ကမ္ဘာ့အကြီး ဆုံး စီးပွားရေးရင်းမြစ်များတည်ရှိရာဆိုသည်မှာ အမှန်ဖြစ်သည်။ အမေရိကန်သည် ကမ္ဘာအရပ်ရပ်မှ ဘာသာရပ်အသီးသီးတို့ကို လာရောက်သင်ယူရသော ပညာရှင်များ စုဝေးရာလည်း အမှန်ဖြစ်သည်။ ဘဏ်များ ပြိုလဲမှု ကို အာမခံလုပ်ငန်းများနှင့် အစိုးရတို့က ဆယ်ယူနိုင်စွမ်း ရှိခြင်းမှာ သေချာသည်။ သို့သော် ကမ္ဘာ့နိုင်ငံအားလုံး၏ ဂျီဒီပီ စုစုပေါင်း ၂၂ ရာခိုင်နှုန်းခန့်ကို အမေရိကန်က ထုတ်လုပ်နေသော်လည်း ထိုပမာဏ၏ ၂၉ ရာခိုင်နှုန်းခန့်မှာ အကြွေးအဖြစ်တင်ရှိနေကြောင်း ထည့်မပြောကြချေ။ #တနည်းအားဖြင့်_လိုအပ်သည့်_ဒေါ်လာငွေသားများကို #ဘယ်ပုံဘယ်နည်းရရှိနိုင်ကြောင်း_မပါ၀င်သဖြင့် #ကိန်းဂဏန်းမပါသော_သင်္ချာပုစ္ဆာဖြစ်လျက်ရှိသည်။ လောလောဆယ် ဥရောပနှင့် အရှေ့အလယ်ပိုင်း ဘဏ်များမှ ရရှိသရွေ့မှာ ဘီလီယံ ဆယ်ဂဏန်းမျှသာရှိသေးသည်။  


ငွေကြေးဖောင်းပွမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယခင်ကလည်းရှိ၍ ယခုပိုဆိုးလာခြင်းဖြစ်ပြီး နိုင်ငံတ ကာစီးပွားရေးကို မောင်းနှင်ရာတွင် အဓိက ပင်နီယံကြီးတစ်ခုဖြစ်သည့် အမေရိကန်၌ စတင်ဖြစ်ပွားခြင်းမှာ ကမ္ဘာကြီး ၏ စီးပွားရေးအတွက် နိမိတ်မကောင်းပါ။ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ခြင်းမှာလည်း “ #ဒီနေ့လုပ်- #ဒီနေ့ရ_ရဲမျက်မှန်_မဟုတ်“ မမြင်ရသော ကိန်းဂဏန်းများနှင့် ကဏ္ဍပေါင်းစုံပါဝင်နေပါသည်။ 


၂ဝ၂၃ ခုနှစ် နိုင်ငံတကာငွေကြေးဖောင်းပွမှုအမြင့်ဆုံး ၁ဝ နိုင်ငံတွင် ဗင်နီဇွဲလားမှာ ၁၁၉၈ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်သည်။ အနည်းဆုံး ၁ဝ နိုင်ငံတွင် သေးငယ်သော ကျွန်းနိုင်ငံများကို ဖယ်လိုက်လျှင် တရုတ်-ဆော်ဒီ-အိုမန်- ဗီ ယက်နမ်နှင့် ဆွစ်ဇာလန်တို့ဖြစ်သည်။ သတင်းဘာသာပြန်သူ၏ ထင်မြင်ယူဆချက်ဖြစ်သည်။)


(Deutsche Welle., 25 March 2023,” Ghana's inflation soars as IMF deal drags on” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

IMF ႏွင့္ သေဘာတူညီခ်က္အစီအစဥ္အတိုင္း တ႐ြတ္တိုက္လိုက္ပါရင္း ဂါနာႏိုင္ငံ၏ ေငြ ေၾကးေဖာင္းပြမႈ ျမင့္တက္လာ

Htay Oung (NP News) - မတ္ ၂၅


အတၱလန္တိတ္ သမုဒၵရာကို ေမးတင္လ်က္ရွိတဲ့ အာဖရိကတိုက္ အေနာက္ပိုင္း ဂါနာႏိုင္ငံဟာ ဆယ္စုႏွစ္မ်ား အတြင္း တိုင္းျပည္ရဲ႕ အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းမ်ားနဲ႔ ရင္ဆိုင္ေနရပါတယ္။ 


ေငြေၾကးေဖာင္းပြမႈ ျမင့္မားလာျခင္းဟာ မရွိမျဖစ္လိုအပ္တဲ့ ကုန္ပစၥည္းမ်ားကို ဝယ္ယူႏိုင္ဖို႔ အိတ္ကပ္ထဲ ရွိသမွ် ကုတ္ျခစ္ႏႈိက္ ထုတ္ေနရသူ ႏိုင္ငံသား အမ်ားအျပားတို႔ရဲ႕ ဆင္းရဲဒုကၡအေပၚ ပိုမိုဖိစီးလာတယ္လို႔ ဂ်ာမန္ Deutsche Welle (DW) “ဒြိဳက္_ဝယ္လီ” သတင္းေအဂ်င္စီက ယေန႔(မတ္လ ၂၅ ရက္)မွာေရးသားပါတယ္။ 


ဂါနာႏိုင္ငံ ၿမိဳ႕ေတာ္အက္ကရာမွာ အိုင္တီကြၽမ္းက်င္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ဒီလာအိုမာဟာ သူ႔ရဲ႕မိသားစု ငါးေယာက္နဲ႔အတူ အေတာ္အဆင္ေျပတဲ့ ဘဝကို ျဖတ္သန္းခဲ့ဖူးပါတယ္။ ေနထိုင္ခဲ့ဖူးသည္။ ဒါေပမဲ့  မၾကာေသး မီလမ်ားအတြင္း သူ႔ႏိုင္ငံရဲ႕ တေန႔တျခား ဆိုး႐ြားလာတဲ့ စီးပြားေရးအက်ပ္အတည္းကို ရင္ဆိုင္ဖို႔အတြက္ ႐ုန္း ကန္ေနခဲ့ရပါတယ္။ မရွိမျဖစ္လိုအပ္တဲ့ ကုန္ပစၥည္းေတြရဲ႕ ေန႔စဥ္ဆက္တိုက္ ေစ်းႏႈန္းတိုးျမင့္မႈကို ရင္ဆိုင္ ေျဖ ရွင္းဖို႔ကိစၥဟာ အလြန္ခက္ခဲလာတယ္လို႔ အိုမာက ေျပာပါတယ္။ ဒီအတြက္ ေငြရွာႏိုင္ဖို႔ ပိုႀကိဳးစားေနရၿပီး အျခားအလုပ္ေတြလဲ လုပ္ေနရတယ္လို႔ ရွင္းျပပါတယ္။


ဂါနာစာရင္းအင္းဌာနအဆိုအရ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ ၅၂ ဒႆမ ၈ ရာခိုင္ႏႈန္း ျဖစ္ၿပီး မႏွစ္ကနဲ႔ႏႈိင္းယွဥ္ရင္ ကုန္ပစၥည္းေဈးႏႈန္းေတြဟာ ႏွစ္ဆေက်ာ္ ျမင့္တက္လာေၾကာင္း သိရွိရပါတယ္။ စားေသာက္ကုန္မ်ားနဲ႔ အျခားကုန္စည္ေစ်းႏႈန္းေတြဟာ အိုမာတို႔လို စဥ္ဆက္မျပတ္ ဒုကၡေရာက္ေရာက္ေနတဲ့ မိသားစုေတြအတြက္ လိုက္မမီႏိုင္ေအာင္ ျဖစ္ေနရပါတယ္။ 


တကယ္ေတာ့ (လူဦးေရ ၃၂ သန္းေနထိုင္ရာ) ဂါနာႏိုင္ငံမွာ ကုန္ေစ်းႏႈန္းျပႆနာနဲ႔ ရင္ဆိုင္ေနရတာ အိုမာ တို႔လိုလူေတြခ်ည့္ မဟုတ္ပါ။ အရင္းအႏွီးသိပ္မ်ားမ်ား မရွိပဲ လုပ္ကိုင္ေနတဲ့ အေသးစားလုပ္ငန္းေတြမွာလည္း အထိနာဆုံး ႐ုန္းကန္ေနရပါတယ္။ ဥပမာအားျဖင့္ ကားအပိုပစၥည္းမ်ား တင္သြင္းၿပီး တပိုင္တႏိုင္ ေရာင္းခ်တဲ့ ကုန္သည္ေတြ မွာလည္း အဆင္ မေျပျဖစ္ေနပါတယ္။ ဒီေန႔ ေရာင္းခ်လိုက္တဲ့ပစၥည္းကို ေနာက္ေန႔ ျပန္၀ယ္ရင္ အဲ့ဒီေစ်းနဲ႔ မရေတာ့ပါဘူး၊ ရင္း ႏွီးရသေလာက္ အျမတ္ေငြ မက်န္ေတာ့ပဲ ျဖစ္ေနပါတယ္။ ရင္းသမွ် ရႈံးေနတဲ့ ျပည္တြင္း “စီဒီေငြ" ရဲ႕ တန္ဖိုး မတည္ၿငိမ္မႈကိုပဲ အျပစ္တင္စရာ ရွိပါေတာ့တယ္။ စီးပြားေရးအေျခအေန မေကာင္းတဲ့ အတြက္ ေရာင္းတဲ့ပစၥည္း ေတာ္ေတာ္မ်ားမ်ားကို ျပန္၀ယ္လို႔ မရေတာ့ပါဘူး။ ေဈးႏႈန္းမတည္ၿငိမ္တာေၾကာင့္ လုပ္ငန္း ရွစ္ဆယ္ရာခိုင္ႏႈန္း ၿပိဳက်သြားတယ္လို႔ ကားပစၥည္းေရာင္းသူ ဆမ္ပါနာ_အိုဆီက ဆိုပါတယ္။


ဂါနာမွာ လအေတာ္ၾကာ ကုန္စည္ေဈးႏႈန္းမ်ား ျမင့္တက္လာၿပီးေနာက္ လူအမ်ားရဲ႕ ဝယ္လိုအားမွာလည္း ေလ်ာ့ က်သြားရပါတယ္။ ေလာင္စာဆီေဈးႏႈန္းမွာ အနည္းငယ္တည္ၿငိမ္သေယာင္ ရွိေပမဲ့ ယခင္ႏွစ္ဆန္းပိုင္းနဲ႔ ႏႈိင္း ယွဥ္ရင္ ျမင့္မားေနဆဲျဖစ္ပါတယ္။ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) ထံမွ ေခ်းေငြရရွိဖို႔ သေဘာတူညီ ေၾကာင္း သတင္းထုတ္ျပန္ၿပီးေနာက္ပိုင္း စီးပြားေရးအေပၚ ယုံၾကည္မႈ အနည္းငယ္သာ တိုးတက္ခဲ့ပါတယ္။


ႏိုင္ငံအေနနဲ႔ ဆယ္စုႏွစ္မ်ားအတြင္း အဆိုး႐ြားဆုံး စီးပြားေရးအေျခအေနမ်ားကို ရင္ဆိုင္ေနရေၾကာင္း၊ ျမင့္ မား တဲ့ ေငြေၾကးေဖာင္းပြမႈစနစ္ဟာ စားေသာက္ကုန္နဲ႔ တင္သြင္းကုန္ ပစၥည္းမ်ားအားလုံးအေပၚ တစ္ၿပိဳင္ နက္ ထိခိုက္ေစေၾကာင္း၊ တင္သြင္းကုန္မ်ားအေပၚ အလြန္အမင္းမွီခိုေနရတဲ့အတြက္ ေစ်းႏႈန္းမ်ား ျမင့္တက္ေနရေၾကာင္း၊ ေငြေၾကးေဖာင္းပြမႈအက်ပ္အတည္းကို ျဖတ္ေက်ာ္ရန္ နည္းလမ္းမရွိေၾကာင္း ဘ႑ာေရးေလ့လာသူ ပါေမာကၡ ဂြၽန္ဂတ္ဆီက ရွင္းျပပါတယ္။


ေငြေၾကးေဖာင္းပြမႈကို ဖန္တီးေနတဲ့ စားေသာက္ကုန္မ်ားဟာ ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္တဲ့ အဓိကပစၥည္းမ်ား ျဖစ္တာေၾကာင့္ စီးပြားေရးရင္းျမစ္မ်ားနဲ႔ ကာယဥာဏစြမ္းအားေတြကို ႏႈိးဆြၿပီး ထုတ္လုပ္တဲ့အဆင့္ေရာက္ဖို႔ အေရးႀကီးေၾကာင္း ဂတ္ဆီက ေျပာပါတယ္။ ဂါနာစီးပြားေရးပညာရွင္မ်ားကေတာ့ ညံ့ဖ်င္းတဲ့ စီးပြားေရး ဆုံး ျဖတ္ခ်က္မ်ားအေပၚ လက္ရွိ ျမင့္မားေနတဲ့ ေငြေၾကးေဖာင္းပြမႈ ကိန္းဂဏန္းမ်ားကို အျပစ္တင္ၾကပါတယ္။ အစိုးရလုပ္ငန္းမ်ားကို ေငြေၾကးေထာက္ပံ့တဲ့အေနနဲ႔ ဂါနာဘဏ္မွ ဗဟိုအစိုးက ေခ်းေငြအလြန္အကြၽံထုတ္ယူျခင္းဟာ အက်ပ္အတည္းျဖစ္ရတဲ့ အဓိကအေၾကာင္းရင္းျဖစ္တယ္လို႔ ဆိုၾကပါတယ္။


ယူကရိန္းစစ္ပြဲဟာ ဂါနာလယ္သမားမ်ား မွီခိုေနရတဲ့ ဓာတ္ေျမၾသဇာေစ်းႏႈန္းကို ေျပာင္းလဲေစခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေနာက္ပိုင္း စစ္ပြဲရဲ႕ ဂယက္႐ိုက္ခတ္မႈဟာ (အျခားႏိုင္ငံမ်ားနည္းတူ) ဂါနာႏိုင္ငံအေပၚလည္း က်ေရာက္ခဲ့ပါတယ္။ COVID-19 ကပ္ေရာဂါနဲ႔ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ စီးပြားေရး အပ်က္သေဘာ ေဆာင္ၿပီး ေငြေၾကးေဖာင္းပြမႈကို ျမင့္မားေစေၾကာင္း ဂါနာအစိုးရက တစိုက္မတ္မတ္ ျငင္းခုံခဲ့ပါတယ္။ ဒါေပမဲ့ အဲ့ဒါမမွန္ဘူးလို႔ ပါေမာကၡဂတ္ဆီက ဆိုပါတယ္။ ဂါနာဟာ ေဒၚလာသန္းေပါင္းမ်ားစြာတန္ဖိုးရွိတဲ့ ခရမ္းခ်ဥ္သီး ေတြကို ဆာဟာရေတာင္ဖက္ေဒသကေန တင္သြင္းေနပါတယ္၊ အဲ့ဒါ ယူကရိန္း-႐ုရွားစစ္ပြဲက လုပ္ထာမဟုတ္ဘူး" လို႔ ေျပာပါတယ္။ 


ဂါနာႏိုင္ငံရဲ႕ ေႂကြးၿမီပမာဏဟာ ႏွစ္ေပါင္းမ်ားစြာ မတည္မၿငိမ္ျဖစ္ေနခဲ့ၿပီး အစိုးရရဲ႕ ေႂကြးၿမီမ်ားအတြက္  ျပည္တြင္းၿမီရွင္မ်ားနဲ႔ ေႂကြးၿမီဖလွယ္ေရး အစီအစဥ္ကို ျပန္လည္ညႇိႏႈိင္းခဲ့ရပါတယ္။ IMF ထံမွ ေခ်းေငြေဒၚလာ ၃ ဘီလီယံ ရရွိရန္ ျပည္ပၿမီရွင္မ်ားနဲ႔ အစိုးရ ေႂကြးၿမီေတြကို ျပန္လည္ခ်ိတ္ဆက္ႏိုင္ျခင္း မရွိေသးပါဘူး၊ သုံးႏွစ္ အ တြင္းရရွိဖို႔ ေမွ်ာ္မွန္းထားတဲ့ ေခ်းေငြအမ်ားစုဟာ ႏိုင္ငံရဲ႕ ေငြေပးေခ်မႈရွင္းတမ္းကို တည္ၿငိမ္ေစရန္ ျဖစ္ပါတယ္။ ယခုလအတြင္း သေဘာတူညီခ်က္တစ္ခုကို အၿပီးသတ္ဖို႔ ဂါနာအစိုးရ အခ်ိန္ဇယားသတ္မွတ္ထားေပမဲ့ အဲဒီရည္မွန္းခ်က္ဟာ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒီၾကားထဲ ႏိုင္ငံသားေတြဟာ စီးပြားေရးအရ အခက္အခဲေတြ ပိုႀကဳံလာ ရတယ္။


(ယခု လတ္တေလာ အေမရိကန္တြင္ ျပည္တြင္း ေဒၚလာေငြတန္ဖိုး ေဖာင္းပြမႈကို ေခ်ဖ်က္ရန္ ၄င္းတို႔ ဗဟို ဘဏ္က အတိုးႏႈန္းျမႇင့္တင္ခဲ့ေၾကာင္း ထိုအတြက္ ဘဏ္ႀကီးမ်ား ၿပိဳလဲသည္အထိ ေနာက္ဆက္တြဲ ျဖစ္ေပၚလ်က္ရွိေၾကာင္း အမ်ားသိျဖစ္ပါသည္။ ဤတြင္ အေမရိကန္မွစ၍  ကမာၻ႔ႏိုင္ငံမ်ားအထိ စီးပြားေရးက်ဆင္းမႈ ျဖစ္ေပၚႏိုင္ေၾကာင္း သတိေပးေနသည္မွာ ႏိုင္ငံတကာစီးပြားေရးပညာရွင္မ်ား ျဖစ္ပါသည္။


ကြၽန္ေတာ္တို႔ဆီတြင္ေတာ့ အေမရိကန္စီးပြားေရး ဘယ္နည္းႏွင့္မွ မၿပိဳလဲႏိုင္ဟု တစ္ခြန္းတည္းေသာ ေကာ႑ ညေဟာကိန္းရွင္ စီးပြားေရးပါရဂူမ်ားကို ေတြ႕ရသည္။ သူတို႔ေျပာသည့္အတိုင္း အေမရိကန္သည္ ကမာၻ႔အႀကီး ဆုံး စီးပြားေရးရင္းျမစ္မ်ားတည္ရွိရာဆိုသည္မွာ အမွန္ျဖစ္သည္။ အေမရိကန္သည္ ကမာၻအရပ္ရပ္မွ ဘာသာရပ္အသီးသီးတို႔ကို လာေရာက္သင္ယူရေသာ ပညာရွင္မ်ား စုေဝးရာလည္း အမွန္ျဖစ္သည္။ ဘဏ္မ်ား ၿပိဳလဲမႈ ကို အာမခံလုပ္ငန္းမ်ားႏွင့္ အစိုးရတို႔က ဆယ္ယူႏိုင္စြမ္း ရွိျခင္းမွာ ေသခ်ာသည္။ သို႔ေသာ္ ကမာၻ႔ႏိုင္ငံအားလုံး၏ ဂ်ီဒီပီ စုစုေပါင္း ၂၂ ရာခိုင္ႏႈန္းခန္႔ကို အေမရိကန္က ထုတ္လုပ္ေနေသာ္လည္း ထိုပမာဏ၏ ၂၉ ရာခိုင္ႏႈန္းခန္႔မွာ အေႂကြးအျဖစ္တင္ရွိေနေၾကာင္း ထည့္မေျပာၾကေခ်။ #တနည္းအားျဖင့္_လိုအပ္သည့္_ေဒၚလာေငြသားမ်ားကို #ဘယ္ပုံဘယ္နည္းရရွိႏိုင္ေၾကာင္း_မပါ၀င္သျဖင့္ #ကိန္းဂဏန္းမပါေသာ_သခ်ၤာပုစာၦျဖစ္လ်က္ရွိသည္။ ေလာေလာဆယ္ ဥေရာပႏွင့္ အေရွ႕အလယ္ပိုင္း ဘဏ္မ်ားမွ ရရွိသေ႐ြ႕မွာ ဘီလီယံ ဆယ္ဂဏန္းမွ်သာရွိေသးသည္။  


ေငြေၾကးေဖာင္းပြမႈသည္ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ယခင္ကလည္းရွိ၍ ယခုပိုဆိုးလာျခင္းျဖစ္ၿပီး ႏိုင္ငံတ ကာစီးပြားေရးကို ေမာင္းႏွင္ရာတြင္ အဓိက ပင္နီယံႀကီးတစ္ခုျဖစ္သည့္ အေမရိကန္၌ စတင္ျဖစ္ပြားျခင္းမွာ ကမာၻႀကီး ၏ စီးပြားေရးအတြက္ နိမိတ္မေကာင္းပါ။ ေငြေၾကးေဖာင္းပြမႈကို တိုက္ဖ်က္ျခင္းမွာလည္း “ #ဒီေန႔လုပ္- #ဒီေန႔ရ_ရဲမ်က္မွန္_မဟုတ္“ မျမင္ရေသာ ကိန္းဂဏန္းမ်ားႏွင့္ က႑ေပါင္းစုံပါဝင္ေနပါသည္။ 


၂ဝ၂၃ ခုႏွစ္ ႏိုင္ငံတကာေငြေၾကးေဖာင္းပြမႈအျမင့္ဆုံး ၁ဝ ႏိုင္ငံတြင္ ဗင္နီဇြဲလားမွာ ၁၁၉၈ ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံး ျဖစ္သည္။ အနည္းဆုံး ၁ဝ ႏိုင္ငံတြင္ ေသးငယ္ေသာ ကြၽန္းႏိုင္ငံမ်ားကို ဖယ္လိုက္လွ်င္ တ႐ုတ္-ေဆာ္ဒီ-အိုမန္- ဗီ ယက္နမ္ႏွင့္ ဆြစ္ဇာလန္တို႔ျဖစ္သည္။ သတင္းဘာသာျပန္သူ၏ ထင္ျမင္ယူဆခ်က္ျဖစ္သည္။)


(Deutsche Welle., 25 March 2023,” Ghana's inflation soars as IMF deal drags on” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်းတိုင်းရင်းသားပါတီ(၂)ခု ပေါင်းစည်း

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved