Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကားဂီယာဘောက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို မန္တလေး၌ ဖမ်းဆီးရမိ

Pearl (NSS) - ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းရှိ No-More Dictatorship-NMD အဖွဲ့ထံသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများနှင့်အတူ ထောက်ပို့ (၃) ဦးအား မန္တလေး၌ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။ 


ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄)  ရက်၊  ညနေပိုင်းတွင် မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက် ၌ မသီတာစိုး (ခ) မစိုးနှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ၅ လက်၊ ANSAR ပစ္စတို ၁ လက်၊ BLOW ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမ ကျည် ၁ဝဝ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂ဝဝ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသော မသီတာစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၌ ကေခိုင် (ခ) ကေကေအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖြစ်စဉ်အတွင်း အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃ဝဝ တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


အလားတူ ဖမ်းဆီးရမိသော မသီတာစိုး ၏ ထွက်ဆိုချက်အရ ၎င်းသည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မန္တလေးမြို့ အတွင်း ဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း၊  ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လိုင်ဇာသို့ သွားရောက်၍ KIA အဖွဲ့ထံ၌ သင်တန်းတစ်လ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သင်တန်းတက်ရောက်စဉ် No-More Dictatorship-NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန် မျိုးမင်းရန်နိုင်နှင့် ရင်းနှီးခဲ့ ပြီး အဆိုပါအဖွဲ့သို့ဝင်ရောက်ခဲ့ကြောင်း နှင့် သင်တန်းဆင်းပြီးနောက် အောင်မြေသာစံမြို့နယ်ရှိ နေအိမ်သို့ ပြန်လည်နေထိုင်ခဲ့ပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ ကေခိုင်၊ တိုးညွန့်တို့နှင့်အတူ NMD အဖွဲ့အတွက် ထောက်ပို့ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရသည်ဟု နစက မှ ဆိုသည်။ 

အလားတူ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့‌နေ ဖမ်းဆီးရန်ကျန်သူ တစ်ဦးမှ အဆိုပါလက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မန္တလေးသို့ရောက်ရှိစဉ် ၎င်းတို့မှ ကားဂိတ်တွင် သွားရောက် ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ၁၄ မိုင် ကျေးရွာအနီးရှိ NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန် မျိုးမင်းရန်နိုင်ထံသို့ ပို့ဆောင် ပေးရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ လက်နက်/ ခဲယမ်းများအား ၄ ကြိမ် ပို့ဆောင်ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရပြီး လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် နှစ်ရှည်ထောင်ဒဏ်ကျခံရမည့်အရေးနှင့်ရင်ဆိုင်ရဖွယ်ရှိနေ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved