အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် နှစ်ရှည်ထောင်ဒဏ်ကျခံရမည့်အရေးနှင့်ရင်ဆိုင်ရဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၆
ယခုနှစ်အတွင်းကျင်းပမည့်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည့် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် နှစ်ရှည်ထောင်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း၊ ၎င်း၏ ပြိုင်ဘက်ပါတီဖြစ်သောဒီမိုကရက်တစ်ပါတီနှင့်နီးစပ်သော ရှေ့နေဖြစ်သူက ပြောသည်။
သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ဒေါ်နယ်ထရမ့်သည် အမေရိကန်အစိုးရနှင့်ပတ်သက်သော အရေးကြီးသော စာရွက်စာတမ်းများကို ကိုင်တွယ်ရာတွင်အမှားအယွင်းများရှိခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် စွဲချက်တင်ခံထားရကာ လာမည့် မေလ ၂ဝ ရက်တွင် အမှုကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရအေဂျင်စီများသည် ပြီးခဲ့သောနှစ်အတွင်း ဒေါ်နယ်ထရမ့်၏ အိမ်ကို စီးနင်းရှာဖွေခဲ့ပြီးနောက် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အစိုးရနှင့်ဆက်စပ်သောစာရွက်စာတမ်းများ အိမ်တွင်တွေ့ရှိ သိမ်းဆည်းခဲ့ ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်ကတော့ ၎င်းအပေါ် စွဲဆိုထားသော စွဲချက်များနှင့်ပတ်သက်ပြီး ငြင်းဆန်ထား ကာ အမှားယွင်းတစ်စုံတရာမလုပ်ထားကြောင်း ပြောဆိုထားသည်။
ရှေ့နေတစ်ဦးဖြစ်သော မက်အယ်လီယက်စ်က "ဒေါ်နယ်ထရမ့်ရဲ့အဲဒီအမှုကို လာမယ့်မေလအတွင်း စစ်ဆေး သွားဖွယ်ရှိနေပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး အပြစ်ရှိတယ်လို့ ထင်ရှားမယ်ဆိုရင် နှစ်ရှည်ထောင်ဒဏ်ကျခံရမယ့် အလားအလာတွေ ရှိနေတယ်" ဟု ပြောသည်။
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန်စီစဉ်ခဲ့ပြီးနောက်ပိုင်း ကတည်းက မျှော်လင့်မထားသောစွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်တွင်လည်း အခြားစွဲချက်များ ရင်ဆိုင် နေရဆဲဖြစ်ကြောင်း သိရသည်။ ၂ဝ၂ဝ ပြည့်နှစ်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲရလဒ်ကို ကြားဝင် စွက်ဖက်ရန်ကြိုးပမ်းမှုဖြင့် ဒေါ်နယ်ထရမ်သည် စွဲချက်တင်ခံရမှုများရှိနေကြောင်း သိရသည်။ လာမည့် နိုဝင်ဘာလ အတွင်းကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် နှင့် လက်ရှိသမ္မတဂျိုးဘိုင်ဒန်တို့ အပြိုင် ဖြစ်နေပြီး ဒေါ်နယ်ထရမ့်က ဂျိုးဘိုင်ဒန်ထက် လူကြိုက်ပိုများနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဖြည့်စဉ် ထမင်းအိုးပေါ်သို့ ဖိတ်စင်ကျရာမှ ကုန်တင်စက်လှေတစ်စင်းလုံးနီးပါးမီးလောင်ကျွမ်းသည့်ဖြစ်စဉ် မြိတ်မြို့တွင်ဖြစ်ပွား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း