အမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို ကားက ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂
ပဲခူတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို ကားတစ်စီးမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်း ပြီးသေဆုံးသွားခဲ့ကြောင်း အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၁ ရက်)၊ ည ၉ နာရီအချိန်တွင် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆၆/၇) နှင့် (၆၇)ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်က တရားမဝင်ဖြတ်လမ်းကို လမ်းဖြတ်ကူးတာ။ မိသားစုကားက ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာရင်းနဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိတာ။ အမှန်က အမြန်လမ်းမှာ ဆိုင်ကယ်မောင်းခွင့်မရှိဘူး။ ခုကလည်း တရားမဝင်လမ်းကို ဖြတ်ကူးတာမှာ တိုက်မိခဲ့တာပါ”ဟု အုတ်ရှစ်ကုန်းအမြန်လမ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Wave-100 အမျိုးအစားဆိုင်ကယ်ပေါ်မှ အသက်(၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်ပေါ်က အမျိုးသားတစ်ယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တစ်ယောက်လည်း အသက်(၅၀)အရွယ်ပဲသူကတော့ ဒဏ်ရာတွေရတယ်။ အမြန်လမ်းမှာက ဆိုင်ကယ်စီးခွင့်တော့မရှိပေမဲ့ လမ်းကူးမယ်ဆိုရင်တော့ သတိထားပြီးကူးစေချင်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားအား ဒိုက်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ထိခိုက်ဒဏ်ရာရရှိသူအား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလာတူ ယင်းနေ့ နံနက် ၆နာရီ ၂၅မိနစ် အချိန်ခန့်တွင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၉/၅ တွင် ယာဥ်တိုက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် ဆောက်လုပ်ဆဲလေယာဉ်ရုံတစ်ခု ပြိုကျခဲ့ပြီး အနည်းဆုံးလူ(၃)ဦး သေဆုံးကာ အခြားလူ (၉)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ