အမေရိကန်နိုင်ငံတွင် ဆောက်လုပ်ဆဲလေယာဉ်ရုံတစ်ခု ပြိုကျခဲ့ပြီး အနည်းဆုံးလူ(၃)ဦး သေဆုံးကာ အခြားလူ (၉)ဦး ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - ဇန်နဝါရီ ၂
အမေရိကန်နိုင်ငံ Idaho ပြည်နယ်ရှိ လေဆိပ်တစ်ခုတွင် ဖေဖော်ဝါရီလ(၁)ရက်က ဆောက်လုပ်ဆဲလေယာဉ်ရုံ တစ်ခုပြိုကျခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Boise မြို့ အာဏာပိုင်များက ပြောကြားခဲ့သည်။
"အခင်းဖြစ်ပွားရာနေရာမှာ လူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူ(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့ တဲ့လူတွေထဲက (၅)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်" ဟု အာဏာပိုင်များက ပြောခဲ့သည်။
အဆိုပါမတော်တဆမှုမှာ Boise လေဆိပ်၏ လေယာဉ်ကွင်းရှိ ပုဂ္ဂလိကပိုင်လေယာဉ်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သတ္တုဖွဲ့စည်းပုံ မခိုင်ခံ့သည့်အတွက် ပြိုကျခဲ့ကာ ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း Boise မြို့၏ လုပ်ငန်းလည်ပတ်မှုဌာနခွဲအကြီးအကဲ Aaron Hummel က ပြောကြားခဲ့သည်။
ထို့အပြင် ဆောက်လုပ်နေဆဲ လေယာဉ်ရုံပြိုကျမှု ဘာကြောင့်ဖြစ်ရသည်ဆိုသည့်အချက်ကို ဆက်လက်စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါမတော်တဆမှုကြောင့် Boise လေဆိပ်၏ လုပ်ငန်းဆောင်ရွက်မှုများ ထိခိုက်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် "ဆောက်လုပ်ရေးလုပ်ငန်းခွင်က လုံခြုံသွားပါပြီ။ ပြီးတော့ အများပြည်သူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တာမျိုးလည်း မရှိတော့ပါဘူး" ဟု ရေးသားထားသည်။
Boise လေဆိပ်သည် ဆန်ဖရန်စ္စကို၊ အတ္တလန်တာ၊ ဆီယက်တဲလ်မြို့တို့ အပါအဝင် အမေရိကန်နိုင်ငံတွင်းရှိ နေရာ (၂၅)ခုကို ပျံသန်းမည့်လေကြောင်းလိုင်းအများအပြားကို ဝန်ဆောင်မှုပေးနေသည့်နေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုသို့ ချေးငွေသန်း(၃၀၀၀)ကျော် ထုတ်ချေးပေးထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ