အုတ်တွင်းမြို့တွင် ကားကြိတ်ခံရသည်ဟု ယူဆရသောဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းတစ်လောင်း တွေ့ရှိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၃၁
ပဲခူးတိုင်း၊ အုတ်တွင်းမြို့တွင် ကားကြိတ်ခံရသည်ဟု ယူဆရသောဒဏ်ရာများဖြင့်သေဆုံးနေသည့် အလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယမန်နေ့(ဇန်နဝါရီလ ၃ဝ ရက်)၊ ည ၇ နာရီ ၂ဝ မိနစ်အချိန်တွင် အုတ်တွင်းမြို့၊ ဝေပျံကွင်း အနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၌ အထက်ပါကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာက ရန်ကုန်-မန္တလေးအမြန်လမ်းစီမံကိန်းတစ်ခုရှိတယ်။ ဂျပန်ဆိုဒ်လို့ပဲခေါ်ရမှာပေါ့။ ကောင်လေးက အဲဒီမှာ Security လုပ်တာ။ ညက ဝေပျံကွင်းနားက အရက်ဆိုင်ကနေ စက်ဘီးနဲ့ပြန်လာပြီး လမ်းမှာ ကားကြိတ်ခံရတာလို့ ယူဆရတယ်” ဟု ရင်ခုန်သံရှင်ရေးလူမှုကူညီရေး အသင်းမှ တဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၃၅)နှစ်အရွယ်ရှိ ကိုဇင်ကိုဖြိုးတွင် ဦးခေါင်းထိခိုက်ဒဏ်ရာနှင့် အခြားထိခိုက် ဒဏ်ရာများရရှိကာ နေပြည်တော်ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီအမျိုးသားက ကားကြိတ်ခံရတဲ့ဒဏ်ရာမျိုးနဲ့ ခေါင်းမှာကွဲနေတာပေါ့။ ခြေတွေလက်တွေလည်း ထိထားတာ များတယ်။ နေပြည်တော် ပို့ပြီး ဆေးရုံမှာပဲဆုံးသွားတယ်။ အရက်ဆိုင်နားမှာဖြစ်ပေယ့် အနားက လူတွေကလည်း ဘာကားတိုက်သွားတယ်ဆိုတာ မသိဘူးဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသားကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းက နေပြည်တော်ကုတင်(၁ဝဝဝ) ပြည်သူ့ ဆေးရုံကြီးမှတစ်ဆင့် အုတ်တွင်းမြို့ရှိ မိသားစုများထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ်အတွက်အကျင့်ပျက်လာဘ်စားမှုဆိုင်ရာ(CPI) အညွန်းကိန်းအဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၁၆၂ နေရာ၌ ရပ်တည်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ