အောင်မြေသာစံမြို့နယ်တွင် အမျိုးသားလေးဦးက ဓားများကိုင်ဆောင်ကာ အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ် လုယက်မှုဖြစ်ပွား
စော (NSS) - ဇန်နဝါရီ ၃ဝ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် အမျိုးသားလေးဦးက ဓားများ ကိုင်ဆောင်ကာ အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၂၉ ရက်)၊ မွန်းလွဲပိုင်းအချိန်တွင် အောင်မြေသာစံမြို့နယ်၊ (၈၇)လမ်း၊ ၁၂x၁၄ လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဓာတ်ပေါင်းစု လူမှုကယ်ဆယ်ရေးအသင်း (မန္တလေး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာနေရာသို့ အရောက်၌ အမျိုးသားလေးဦးမှ ဓားများကိုင်ဆောင်ပြီး ဆိုင်ကယ်လုရာ လုယက်ခံရသူက တံခါးဖွင့်ထားသော အိမ်အတွင်းသို့ ထွက်ပြေးနိုင်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“နားရွက်မှာ ထိတယ်။ပြီးတော့ နည်းနည်းရုန်းလိုက်တော့ လည်ပင်းမှာ နည်းနည်းရှသွားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဆိုင်ကယ်ကလစ်ဘီးလေး ပါသွားတယ်” ဟု ဓာတ်ပေါင်းစုလူမှုကယ်ဆယ်ရေးအသင်း (မန္တလေး) အသင်း မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားမှာ အသက်(၃ဝ)ဝန်းကျင်အရွယ်ရှိသူဖြစ်ပြီး ယမန်နေ့တွင် ဆေးရုံမှ ဆင်းသွားပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်အပေါ် စွဲဆိုထားသည့်စွဲချက်များကို ပယ်ဖျက်ကာ တရားသေလွှတ်ရန် ထိုင်းတရားရုံး ဆုံးဖြတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ