ရန်ကုန်မြို့တွင် ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံး၍ (၆)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံး၍ (၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၈ ရက်)၊ ည ၁ဝ နာရီ ၅ဝ မိနစ်အချိန်တွင် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် မော်တင်လမ်းထောင့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်တာက HIJET ကား နဲ့ ရွှေငါးကားက အရင်တိုက်တာ။ ပြီးတော့ HIJET နောက်ကပါလာတဲ့ Mazta ကားက ထပ်တိုက်မိတာပါ။ အဲဒီတော့ ကား(၃)စီးဆင့်တိုက်မိတာပေါ့” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် HIJET ကားပေါ်မှ အသက်(၅၆)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း အမျိုးသား(၅)ဦးနှင့် အမျိုးသမီးတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“HIJET ကားပေါ်က တစ်ယောက်က ဆေးရုံအရောက်လေးမှာပဲ ဆုံးသွားတယ်။ ကျန်တဲ့ လူ(၆)ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ကားတွေတော့ တော်တော်ပျက်စီးသွားကြပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ ဝင်းမေတ္တာ လူမှုကူညီရေးအသင်းနှင့် ရွှေကံ့ကော်လူမှုကူညီရေးအသင်းများမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ယင်းနေ့ည ၆ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်၊ အုတ်ကျင်းဘူတာရုံလမ်းထိပ်၌ ကုန်တင်ကားနှင့် အိမ်စီးကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ အမေရိကန်သမ္မတပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ