ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်မယ်လို့ အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဆီးရီးယားနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ဂျော်ဒန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆီးရီးယားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ဂျော်ဒန်နိုင်ငံ နယ်စပ်ဒေသရှိ အမေရိကန်အခြေစိုက် စခန်းတစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကာ ဒါဇင်နဲ့ချီတဲ့ အမေရိကန်တပ်ဖွဲ့ဝင်များ ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟာ အဆိုပါတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး အီရန်နိုင်ငံထံကနေ အကူညီရရှိထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတက "ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းအတိုက်ခံရမှုတွေအတွက် အချက်အလက်တွေ စုဆောင်းနေတယ်။ ဒီတိုက်ခိုက်မှုတွေကို ဆီးရီးယား နဲ့ အီရတ်နိုင်ငံတို့က အီရန်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေ တိုက်ခိုက်ခဲ့တယ်ဆိုတာ သိပါတယ်။ ဒီတိုက်ခိုက်ခံရမှုတွေအတွက် အခြေအနေနဲ့ အချိန်အခါ အပေါ်မူတည်ပြီး တုံ့ပြန်သွားမယ်" လို့ ပြောပါတယ်။
အီရန်အစိုးရကတော့ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်သားတွေ ဒရုန်းနဲ့အတိုက်ခံရမှုမှာ ပါဝင်ဆက်နွယ်ခြင်းမျိုးမရှိကြောင်း တုံ့ပြန်ထားပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အရှေ့ အလယ်ပိုင်းဒေသအတွင်းရှိ အီရန်လက်အောက်ခံလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အမေရိကန်စစ်စခန်းတွေကို အကြိမ်ပေါင်း ၁၅ဝ ကျော် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း ဒရုန်းနဲ့အတိုက်ခံရမှုကြောင့် အနည်းဆုံး ၃၄ ဦး ဒဏ်ရာရခဲ့ပြီး ဦးခေါင်းပိုင်း ဒဏ်ရာရတာတွေလည်းရှိခဲ့ကြောင်း အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့သကြားပြည်ပတင်ပို့မှု လျာထားချက် မပြည့်နိုင်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း