တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၈ရက်)၊ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ ကောလိယ(၂၁)လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကြားတာတော့ အိမ်တစ်အိမ်က မီးဖိုချောင်ထဲကနေစလောင်တာလို့ သိရတယ်။ မီးက များသွားတော့ မီးသတ်က Level-1 ခေါ်ပြီး မီးငြှိမ်းခဲ့ရတယ်။ စုစုပေါင်းဆိုရင် လူနေအိမ်(၆)လုံးလောက်ပါသွားတယ်” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း လူနေအိမ်(၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“လူနေအိမ်(၄)လုံးထဲကမှ ထရံအိမ်က(၃)လုံး နဲ့ တိုက်ခံအိမ်တစ်လုံးပါသွားတယ်။ မီးလောင်မှုတွေနဲ့ပတ်သက်ပြီး ပြောရရင် အခုအချိန်က မီးကအချိန်နဲ့ပေးနေတာဆိုတော့ လာလိုက်ပြတ်လိုက်ရှိတယ်။ မီးပြတ်တဲ့အချိန်မှာ Main မချဘဲ အပြင်သွားတာတို့ သတိထားရမယ်။ အဓိကကတော့ မီးဆိုတာ မပေါ့ဆသင့်တဲ့အတွက် မပေါ့ဆဖို့ပဲ သတိပေးချင်ပါတယ်” ဟု ၎င်းက အကြံပြုပြောထားသည်။
၎င်းမီးလောင်မှုဖြစ်စဉ်အား တောင်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက မိနစ်(၃၀)ကျော် ခန့်မီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိဖြစ်ပွားနေသောပြဿနာသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ဟု တပ်ချုပ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ