လက်ရှိဖြစ်ပွားနေသောပြဿနာသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ဟု တပ်ချုပ်ပြော
Pearl (NSS) - ဇန်နဝါရီ ၂၈
လက်ရှိဖြစ်ပွားနေသောပြဿနာသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်ပြည်နယ်များကို ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၎င်းက ဇန်နဝါရီလ (၂၆)ရက်တွင် နစကဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံး ညီညွှတ်မှု အားနည်းနေသည်ကိုတွေ့ရကြောင်း နှင့် နိုင်ငံရေး ခိုင်မာရန် တည်ဆောက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရ ကြောင်း တပ်ချုပ်က ဆိုသည်။
ယခုဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိရန်အတွက် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှုမြင်ထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကြောင်း နှင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရနိုင် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) သည် ပြည်သူအများစု၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်း ထားခြင်းဖြစ်သဖြင့် ကျော်လွန်ဆောင်ရွက်၍မရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံပြောကြားခဲ့သည်။
လက်ရှိတွင် ကိုးကန့်လက်နိုင်အဖွဲ့ MNDAA သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသအုပ်ချုပ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်နေလျက်ရှိသည်။
အလားတူ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA သည်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများ ကို တိုက်ခိုက်သိမ်းပိုက်ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းတို့တွင်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာစီလိုနာအသင်းနည်းပြအဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း နည်းပြဇာဗီ ထုတ်ဖော်ပြောဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း