မလေးရှားနိုင်ငံမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသား ၅ ဦး သေဆုံး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၆
မလေးရှားနိုင်ငံ Kampung Batu အရပ်ဒေသမှာ မြေပြိုမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ငါးဦး သေဆုံးခဲ့ကြောင်း မလေးရှားသတင်းတွေမှာ ဖော်ပြထားပါတယ်။
မလေးရှားကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အာဏာပိုင်တွေဟာ ဇန်နဝါရီ ၂၆ ရက် နံနက် ၂ နာရီခန့်က မြေပြိုမှုဖြစ်ပွားရာ နေရာကို အမြန်သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ ပါဝင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ မြေပြိုမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ အသက် ၂၅ နှစ်နဲ့အသက် ၅၆ နှစ်အရွယ်ကြား ရှိနေသူတွေဖြစ်ကြောင်း သိရပါတယ်။
မလေးရှားအာဏာပိုင်တွေက "သေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်ဖွယ်ရှိနေပါတယ်။ သူတို့တွေဟာ အိမ်တစ်အိမ်ထဲမှာ အတူနေထိုင်သူတွေဖြစ်ပြီး၊ မြေပြိုမှုဖြစ်ပွားချိန်မှာ မြေကြီးအောက် ရောက်သွားတာမျိုးဖြစ်ပါ တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မြေပြိုမှုဖြစ်ပွားတဲ့နေရာတွေကို ပီရက်၊ ဆီလန်ဂေါနဲ့ ကွာလာလမ်ပူမြို့တို့က အထူးတပ်ဖွဲ့ဝင်တွေ လည်း ပူးပေါင်းကူညီပေးနေကြောင်း သိရပါတယ်။ မလေးရှားအာဏာပိုင်တွေက "မြေပြိုမှုဖြစ်ပွားရာနေရာတွေကို လေးဘီးကားများ ဝင်ရောက်ခွင့်တားမြစ်ခဲ့တယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ မလေးရှားအာဏာပိုင်တွေဟာ မြေကြီးထဲအောက်ရောက်ရှိခဲ့တဲ့မြန်မာနိုင်ငံသားတွေကို ပြန်လည်ကယ်ထုတ်ပေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း EV ယာဉ် အစီးရေ (၂ဝဝဝ) နီးပါး မှတ်ပုံတင်ခွင့်ပြုထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ