ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း EV ယာဉ် အစီးရေ (၂ဝဝဝ) နီးပါး မှတ်ပုံတင်ခွင့်ပြုထား
NSS - ဇန်နဝါရီ ၂၆
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း EV လူစီးမော်တော်ယာဉ် နှင့် ကုန်တင်(ဝန်ပေါ့) ယာဉ် အစီးရေ (၁၈၈၈) စီးမှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင်ထားသည့် ယာဉ်အမျိုးအစားစာရင်းများအရသိရသည်။
အဆိုပါ ယာဉ် (၁၈၈၈)စီးတွင် EV လူစီးမော်တော်ယာဉ် (၁၈၇၇) စီးနှင့် ကုန်တင်(ဝန်ပေါ့)ယာဉ် (၁၁)စီးကိုမှတ်ပုံတင်ခွင့်ပြုထားခြင်းဖြစ်သည်။
“ကညနမှာမှတ်ပုံတင်တဲ့စာရင်းကတော့ မော်တော်ယာဉ်မျိုးစုံပါတယ်။ EV အိမ်စီးလူစီးကား ဈေးတွေက မြင့်နေတော့ တင်သွင်းနိုင်တဲ့သူနည်းတယ်”ဟု မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ရောင်းချသူများအသင်းမှ ထိပ်တန်းတာဝန်ခံတစ်ဦးကပြောသည်။
အိမ်စီး လူစီးကားအရေအတွက်သည် ၁၈၀၀ ဝန်းကျင်သာရှိပြီး အများစုသည် EV ဆိုင်ကယ်နှင့် သုံးဘီး လူစီးယာဉ်များဖြစ် သည်။
အမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ Pilot Project အနေဖြင့် ပြည်တွင်းသို့ ၂၀၂၃ ခုနှစ်အတွင်း EV လူစီးကားအစီးရေ (၃၀၀၀၀) ဝန်းကျင်တင်သွင်းရန် လျာထားသော်လည်း လက်ရှိ နိုင်ငံခြားငွေလဲနှုန်း နှင့် အခြားအခက်အခဲများကြောင့် EV လူစီးကား အစီးရေ (၁၈၀၀) ကျော်သာတင်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း EV ကားဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်းနှင့်ကားအမျိုးအစားပေါ်မူတည်ကာ ကျပ်သိန်း(၁၀၀၀) ဝန်းကျင်မှ ကျပ်သိန်း (၂၀၀၀) ကျော်အထိ အမျိူးမျိုးပေါက်ဈေးရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေကြေးဈေးကွက်သို့ အမေရိကန်ဒေါ်လာ(၉)သန်းနှင့် ထိုင်းဘတ် သန်း(၂၀၀) ဗဟိုဘဏ်က ထပ်မံရောင်းချပေး
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ