သီပေါမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ ညနေ ၄နာရီအချိန်တွင် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာ နှင့် ကုံးစုံကျေးရွာအကြားရှိ တောလမ်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုင်းထိတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ အသက်ကတော့(၃၀)ဝန်းကျင်တွေပါပဲ။ ဘယ်လိုမိုင်းထိတာလဲတော့ မသိရဘူး။ အမျိုသားကတော့ ဘယ်ဘက်ခြေထောက်ပြတ်သွားတယ်။ အမျိုးသမီးကတော့ မျက်နှာမှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရသွားတယ်”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးကို သီပေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလ ၂၂ ရက်၊ မွန်းတည့် ၁၂နာရီအချိန်ခန့်တွင် သီပေါမြို့နယ်၊ မိုးတေကျေးရွာတံတားအနီး၌ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိကာ ကားတစ်စီးသည်လည်း ထိခိုက်ပျက်စီးမှုများရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိတ်ကျောင်းနေသည့် အမျိုးသားကို PDFအဖွဲ့က “ဒလန်”ဟု စွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်မှု တောင်သာမြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း