စကော့တလန်မှာ ရှေးအကျဆုံး အဝတ်စ(တာတန်) မှ ပြန်လည်ဖန်တီးထားတဲ့အထည်အလိပ်များ ဝယ်ယူရရှိနိုင်ပြီ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၄
စကော့တလန် အထည်အလိပ်ဒီဇိုင်နာတွေနဲ့ တာတန်ပညာရှင်တွေက ရှေးဟောင်းသစ်ဆွေးဗုံတစ်ခုမှ တွေ့ရှိတဲ့ ရှေးဟောင်းအဝတ်စ (တာတန်) အပိုင်းအစမှ အထည်အလိပ်အဖြစ် ပြန်လည်ဖန်တီးခဲ့ကြပါတယ်။
အဆိုပါ "Glen Affric" တာတန် အဝတ်စကို ကုန်းမြင့်တစ်ခုရှိ သစ်ဆွေးဗုံတစ်ခုမှာ ၁၉၈ဝ ပြည့်နှစ်က တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ "Glen Affric" အထည်ကို သိပ္ပံပညာရှင်တွေက ၁၉၈ဝ ပြည့်နှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး Scottish Tartans Authority ကို လှူဒါန်းခဲ့တာပါ။ ၎င်းဟာ စကော့တလန်မှာ ရှေးအကျဆုံး “တာတန်အစစ်” နမူနာဖြစ်ပါ တယ်။ နမူနာဟာ သစ်ဆွေးတွေနဲ့ စွန်းထင်းနေပေမယ့်လည်း ကျွမ်းကျင်သူတွေက အရောင်တစ်ရောင် (သို့မဟုတ်) အရောင်နှစ်ခုပေါ်မှာတင်ထားတဲ့ အစိမ်း၊ အညို (သို့မဟုတ်) အနက်ရောင် အစင်းကြောင်းတွေ ရှိတယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီအဝတ်စကို နမူနာယူပြီး အခု တာတန်ထည်ဖန်တီးသူ House of Edgar က ခေတ်မီပုံစံ ပြန်လည်ဖန်တီး ထားပါတယ်။ အဲဒီ အထည်အလိပ်ကို အခကြေးငွေနဲ့အတူ ဝယ်ယူနိုင်မှာဖြစ်ပြီး ဒါဟာ အထည်ရဲ့ မူလအစ၊ သမိုင်း၊ ထုတ်လုပ်မှု၊ အသုံးပြုမှုနဲ့ အထည်အလိပ် ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိန်းသိမ်းပေးထားနိုင်မှာဖြစ်တယ်လို့ သိရပါ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်၌ ကုန်တင်ကားတစ်စီး အရှိန်လွန်ကာ ရပ်ထားသည့်ကားကိုဝင်တိုက်မိပြီးနောက် တိမ်းမှောက်မှုဖြစ်ပွား
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း