ယူကရိန်းစစ်ပွဲက ကျည်ဆံတွေ အပြိုင်အဆိုင်အသုံးပြုရတဲ့ စစ်ပွဲဖြစ်လာနေကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၃
နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က ယူကရိန်းစစ်ပွဲဟာ ကျည်ဆံစစ်ပွဲသဖွယ်ဖြစ်လာနေကြောင်း၊ စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ အသုံးပြုတဲ့ကျည်ဆံကုန်ခမ်းမှုတွေ များလာနေကြောင်း ပြောပါတယ်။
နေတိုးအုပ်စုဟာ ယူကရိန်းကို ကျည်ဆံများ ကူညီထောက်ပံ့ပေးဖို့အတွက် ယူရို ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိ 155mm အမြှောက်ကျည်ဆံများ ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ် က "ယူကရိန်းစစ်ပွဲဟာ ကျည်ဆံစစ်ပွဲဖြစ်နေတယ်။ ကျည်ဆံအသုံးပြုမှုတွေများနေတယ်" လို့ ပြောပါတယ်။
နေတိုးအုပ်စုဟာ ယူကရိန်းကို ကျည်ဆံများ ကူညီထောက်ပံ့ပေးလိုတဲ့နိုင်ငံတွေနဲ့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အဆိုပါစာချုပ်အရ နေတိုးအုပ်စုဟာ အမြှောက်ကျည်ဆံ ၂၂ဝဝဝဝ ဝယ်ယူဖွယ်ရှိနေပြီး အဲဒီကျည်ဆံ တွေဟာ ၂ဝ၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဆုံးအကြိမ် လွှဲပြောင်းရရှိဖွယ်ရှိနေကြောင်း သိရပါတယ်။
အဆိုပါအမြှောက်ကျည်ဆံတွေဟာ ပြင်သစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Nexter နဲ့ ဂျာမနီစစ် လက်နက်ပစ္စည်းထုတ်လုပ်ရေး Junghans တို့ထံကနေ ရယူသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ယူကရိန်းစစ်ပွဲဟာ လာမယ့်ဖေဖော်ဝါရီလမှာ ၂ နှစ်ပြည့်မှာဖြစ်ပြီး စစ်ပွဲအချိန်ကြာလာတာနဲ့အမျှ နှစ်ဖက်စလုံးဟာ စစ်လက်နက် ပစ္စည်းကုန်ခမ်းမှုတွေ ပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားနိုင်ငံကို အရှိန်မြင့်တိုက်ခိုက်နေရာ လက်နက်ခဲယမ်းမီးကျောက်လိုအပ်ချက်တွေ ပိုမိုများပြားလာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် ကလေးငယ်တစ်ဦးကို ကျပ်သိန်း(၅၀၀)ဖြင့် ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ပုဒ်မ ၃၆၃/ ၃၈၇ တို့ဖြင့် အမှုဖွင့်ထား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း