မူးယစ်ဆေးဝါးစစ်ပွဲနဲ့ဆက်နွယ်ပြီး ICC ရဲ့စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်မှာမဟုတ်ကြောင်း ဖိလစ်ပိုင်အစိုးရပြော
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၃
ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ICC အနေနဲ့ သမ္မတဟောင်း ဒူတာတေးလက်ထက်က ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးစစ်ပွဲဆင်နွဲမှုတွေကို စုံစမ်းစစ်ဆေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒူတာတေးဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံအတွင်းမူးယစ်ဆေးဝါး ဂိုဏ်းတွေနဲ့ သုံးစွဲသူတွေကို ဖြိုခွင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့မူးယစ်ဆေးဝါးစစ်ပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ လူသေဆုံးမှုတွေမြင့်တက်လာခဲ့ပြီး ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ (ICC) မျာလည်း တရားစွဲဆိုခံရကြောင်း သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက သမ္မတဟောင်းဒူတာတေးနဲ့ပတ်သက်ပြီး (ICC)ရဲ့စုံစမ်းစစ်ဆေးမှုတွေကို မကူညီပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုအမိန့်ပေးထားပြီဖြစ်ကြောင်း ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတက " ICC ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာ နိုင်ငံအချုပ်အခြာအာဏာကို ခြိမ်းခြောက်တာလို့ ရှုမြင်ထားတယ်။ ဒါကြောင့် ဖိလစ်ပိုင်အစိုးရဟာ အဲဒီစုံစမ်းမှုတွေကို ကူညီပေးမှာမဟုတ်ဘူး" လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးလက်ထက်အတွင်း တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ် ၊ သုံးစွဲသူတွေကို ဖြိုခွင်းမှုလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံရကြောင်း သိရပါတယ်။
ICC အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ ထောင်နဲ့ချီသေဆုံးစေခဲ့တဲ့ မူးယစ်စစ်ပွဲနဲ့ဆက်နွယ်ပြီး စုံစမ်းစစ်ဆေးဖို့ စီစဉ်ခဲ့ပြီး အဲဒီစုံစမ်းစစ်ဆေးမှုတွေကို ရပ်တန့်ဖို့ ဖိလစ်ပိုင်အစိုးရရဲ့တောင်းဆိုချက်တွေကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲက ကျည်ဆံတွေ အပြိုင်အဆိုင်အသုံးပြုရတဲ့ စစ်ပွဲဖြစ်လာနေကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း