သားဖြစ်သူရဲ့ရုပ်အလောင်းကို အိမ်နံရံအတုအနောက် ဝှက်ထားတဲ့ အမေရိကန်အမျိုးသမီး လူသတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရ
ရောင်နီ (NSS) - ဇန်နဝါရီ ၂၃
အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်ရှိ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သားဖြစ်သူရဲ့ရုပ်အလောင်းကို ၎င်းရဲ့နေအိမ်ရှိ နံရံအတုနောက်မှာ ဝှက်ထားခဲ့ခြင်းကြောင့် လူသတ်မှုစွဲချက်နဲ့ တရားရင်ဆိုင်နေရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဂျယ်ရီရိုဘီ အမည်ရှိ အဆိုပါအမျိုးသမီးဟာ သူမရဲ့နေအိမ်ရှိ့နံရံနောက်ကွယ်မှာ အသက် ၄၂ နှစ်အရွယ် သားဖြစ်သူ ဂျွန်အယ်လန်ဂိုင်သာရဲ့အလောင်းကို ဝှက်ထားခဲ့ပါတယ်။ ပြည်နယ်မှာ လူတစ်ဦးပျောက်ဆုံးနေတဲ့သတင်းရပြီး နောက် ရဲတပ်ဖွဲ့ဟာ ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က စတင် စုံစမ်းစစ်ဆေးခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ ရဲတပ်ဖွဲ့တွေရဲ့စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းခြင်းမရှိ ကွေ့ပတ်ရှောင်တိမ်းနေခဲ့ပြီး သူမ အိမ်ကို လာရောက်စုံစမ်းစဉ်မှာ ဆေးတစ်မျိုးကို လက်တစ်ဆုပ်စာ မျိုချကာ သူမကို ဆေးရုံပို့ဖို့ တောင်းဆိုခဲ့ပါ တယ်။ သူမကိုဆေးရုံပို့နေစဉ် သူမအိမ်ကို ရှာဖွေမှုတွေပြုလုပ်ရာမှာတော့ နံရံအတုတစ်ခုရဲ့နောက်မှာရှိတဲ့ သစ်သား သေတ္တာတစ်ခုမှာ ပျောက်ဆုံးသူ အမျိုးသားရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒီအတွက် အမျိုးသမီးကို ပထမအဆင့် လူသတ်မှုနဲ့တရားစွဲဆိုခဲ့ပါတယ်။
ရိုဘီဟာ ယခင် ၁၉၉၅ ခုနှစ်ကလည်း ဖလော်ရီဒါပြည်နယ်မှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် သူမရဲ့အိမ်နဲ့ ကားဂိုဒေါင်ထဲမှာ အိမ်လုပ် သစ်သားသေတ္တာ အများအပြား တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရိုဘီကို ဆေးရုံမှဆင်းတာနဲ့ စနေနေ့(ဇန်နဝါရီ ၂ဝ ရက်) မှာ ဖမ်းဆီးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံမှာ နှစ်သန်း ၄ဝဝ သက်တမ်းရှိ ဂူနေရာနဲ့ ဘုရားကျောင်းအတွက် စက်လှေကား တပ်ဆင်မှု အဆင့်မြှင့်တင်ဖို့ စီစဉ်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ