System Break Down ဖြစ်ပါက အမြန်ဆုံး ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမြဲလေ့ကျင့်နေရန် လျှပ်စစ်စွမ်းအားဝန်ကြီး တိုက်တွန်း
စော (NSS) - ဇန်နဝါရီ ၂၂
ဓာတ်အားစနစ်တွင် System Break Down ဖြစ်ပါက အမြန်ဆုံး ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမြဲလေ့ကျင့်နေရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဥာဏ်ထွန်းက တိုက်တွန်းပြောကြားသည်။
၎င်းက ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံများသို့သွားရောက်စဉ် တာဝန်ရှိသူများကို အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဓာတ်အားစနစ်တွင် System Break Down ဖြစ်ပါက အမြန်ဆုံးဓာတ်အားပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမြဲမပြတ်လေ့ကျင့်နေရန်နှင့် ကြိုတင်၍ဝန်ထမ်းများကို တာဝန်ပေးအပ်ထားရန် လိုအပ်ပါကြောင်း ဝန်ကြီး ဦးဉာဏ်ထွန်းကပြောသည်။
ထို့ပြင် ပြည်သူများလိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ပြည့်ဝစွာထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် စုဆောင်းထားသည့် ရေများကို အကျိုးရှိစွာ အသုံးပြုသွားရန်လည်း ၎င်းက ထပ်မံတိုက်တွန်းထားသည်။
နိုင်ငံအတွင်း၌ ပြီးခဲ့သော မိုးရာသီကာလများတွင် System Break Down ဖြစ်၍ လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ပြည်သူများသုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားတစ်ယူနစ်လျှင် (၆၀)ကျပ်ခန့်ကို နိုင်ငံတော်က စိုက်ထုတ်ကျခံနေရပြီး ပြီးခဲ့သည့် (၂၀၂၂- ၂၀၂၃)ဘဏ္ဍာနှစ်၌ ငွေကျပ်ဘီလျံ (၁၀၀၀)ခန့် ကျခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံတော်အနေဖြင့် မီတာခနှုန်းထားများကို (၁)ယူနစ်လျှင် (၃၅)ကျပ်နှုန်းနှင့် ယူနစ် (၁၀၀)နှင့် အထက်လျှင် ငွေကျပ် (၁၂၀)နှုန်းဖြင့် သတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်း၌ လျှပ်စစ်ဓာတ်အား (၁)မဂ္ဂါဝပ်လျှင် စုစုပေါင်း အိမ်ခြေ(၃၅၀၀)ခန့်ကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်တွင် တစ်ဦးချင်းပျမ်းမျှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းသည် (၃၇၈)ကီလိုဝပ်ခန့်ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမရပူရမြို့နယ်၌ ယာဉ်တိုက်ခံရသည်ဟုယူဆရသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း