ကော့ကရိတ်မြို့အတွင်း ထပ်မံဖြစ်ပွားသော တိုက်ပွဲကြောင့် လူနေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီးမှုရှိခဲ့
Pearl (NSS) - ဇန်နဝါရီ ၂၂
ကော့ကရိတ်မြို့အတွင်း ထပ်မံဖြစ်ပွားသော တိုက်ပွဲကြောင့် လူနေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်) ၊ ညနေ (၃)နာရီဝန်းကျင်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွက်အနီးတွင် တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ အကြား ထပ်မံ၍ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မနေ့က ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွက်ဘက်မှာ အပြန်အ လှန်ပစ်ခတ်မှုဖြစ်တယ်။ အမှတ်(၅)ရပ်ကွက်ဘက်မှာ နေအိမ်တွေ မီးလောင်တယ်။ ဘယ်ကနေ ဘယ်လို စလောင်တာလဲတော့ မသိဘူး"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်အတွင်း ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ နေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်တွင်လည်း ကော့ကရိတ်မြို့၌ တပ်မတော်လုံခြုံရေးအဖွဲ့ နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမှတ်(၅)ရပ်ကွက် နှင့် လှိုင်ကွက်သစ်တို့မှ နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ကော့ကရိတ်မြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်မှစတင်၍ ဝင်ရောက် တိုက် ခိုက်မှုများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကော့ကရိတ်ဒေသခံအများစုသည်လည်း မြို့အားစွန့်ခွာကာ ယနေ့ အချိန်ထိစစ်ဘေးရှောင်နေရလျက်ရှိသည်။
တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့် အရပ်သားနေအိမ်များ၊ အစိုးရဌာနဆိုင်ရာ အဆောက်အဦးများ ထိခိုက်ပျက် စီးမှုများဖြစ်ပွားခဲ့သည့်အပြင် မြဝတီ-ကော့ကရိတ်သွား အာရှလမ်း မကြီးပေါ်ရှိ ကော့နွဲ့တံတားနှင့် တောနော်တံတားတို့ကိုလည်း KNLA၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပသို့ ပို့ဆောင်ရောင်းချရန် ပြင်ဆင်နေသည့် ကျပ် (၃၀)ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ