အမေရိကန်နိုင်ငံမှာ ဆောင်းရာသီကာလအတွင်း ရာသီဥတုဆိုးရွားမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၉ဝ နီးပါး သေဆုံး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၂
အမေရိကန်နိုင်ငံမှာ ဆောင်းရာသီကာလအတွင်း ရာသီဆိုးရွားမှုတွေကြောင့် အနည်းဆုံး ၉ဝ နီးပါး သေဆုံးထားကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံတဝှမ်းမှာ ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုတွေကြောင့် အေးခဲမှုများဖြစ်လာမှုနဲ့အတူ လူသေဆုံးမှု တွေ ရှိလာခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်မှာ ၂၅ ဦးနဲ့ အိုရီဂွန်ပြည်နယ်တို့မှာ ၁၆ ဦး သေဆုံးခဲ့ရာ အရေးပေါ် အခြေအနေကြေညာထားရကြောင်း သိရပါတယ်။ လေပြင်းတိုက်မှုတွေလည်းဖြစ်ပွားနေပြီး နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုတွေရှိခဲ့ပြီး လူထောင်ချီဟာ လျှပ်စစ်မီးမရဘဲ ရှိနေခဲ့ကြောင်း သိရပါတယ်။
ရာသီဥတုဆိုးရွားမှုတွေကြောင့် တန်နက်ဆီပြည်နယ်၊ အိုရီဂွန်ပြည်နယ်တို့အပြင် အီလီနွိုက်၊ ပန်နီဆေးဗီးယား ပြည်နယ်၊ ဝါရှင်တန်၊ ဝီကန်ဆန်၊ နယူးယောက်၊ နယူးဂျာစီပြည်နယ်တို့မှာလည်း လူသေဆုံးမှုတွေရှိခဲ့ကြောင်း သိရပါတယ်။ လေပြင်းတိုက်ခိုက်မှုတွေကြောင့် လျှပ်စစ်မီးကြိုးများ ပြတ်ကျမှုတွေရှိခဲ့ရာ ဓါတ်လိုက်မှုတွေလည်း ဖြစ်ခဲ့ရာ လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
လေပြင်းတိုက်ခိုက်ခြင်းအပြင် ဆီးနှင်းများ ထူထပ်စွာကျရောက်မှုတွေကြောင့် သွားလာရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အခက်အခဲဖြစ်ပြီး၊ ကားများ ဆီးနှင်းတောထဲပိတ်မိနေကြောင်း သိရပါတယ်။ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းမှုနဲ့အတူ ရေခဲမှုတွေဟာ ဒီသီတင်းပတ်အတွင်းအထိ ဆက်လက်ရှိနေမှာဖြစ်ကြောင်း အမေရိကန် မိုးလေဝသဌာနတာဝန်ရှိသူများ က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့ကရိတ်မြို့အတွင်း ထပ်မံဖြစ်ပွားသော တိုက်ပွဲကြောင့် လူနေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီးမှုရှိခဲ့
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ