Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရှမ်းတောင်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိ၊ ကား(၆)စီးဖြင့် မှောင်ခိုသယ်လာသည့် လက်နက်ခဲယမ်းအများအပြား ဟိုပုံးမြို့နယ်၌ ပေါက်ကွဲပျက်စီးခဲ့

မြူနစ် (NSS) - ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကား(၆)စီးဖြင့် မှောင်ခိုသယ်ဆောင်လာသည့် လက်နက်ခဲယမ်းအများအပြား ဟိုပုံးမြို့နယ်အတွင်း၌ ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


PNLO/PNLA ယူနီဖောင်းဝတ်ဆင်ထားသော လက်နက်ကိုင်များသည် ယနေ့(ဇန်နဝါရီလ ၂၁ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာရှိ လမ်းပေါ်၌ ၎င်းတို့ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

"ကယားဘက်ကို သယ်ဖို့က PNLA ရဲ့ နယ်မြေထဲကို ဖြတ်သယ်ရတာကို။ အဲဒီလက်နက်တွေကို ဒေသခံ PNLA က ကြားထဲကနေ သယ်ပေးတဲ့သဘောရှိတယ်။ တပ်မတော်ကလည်း သတင်းရတော့ စစ်ဆေးတာပေါ့။ ညှိနှိုင်းသေး တယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ ဒီနေ့ ၁၁ နာရီလောက်မှာ သူတို့ သယ်လာတဲ့လက်နက်တွေကို သူတို့မီးရှို့ဖျက် ဆီးပစ်လိုက်တယ်"ဟု ဟိုပုံးဒေသခံတစ်ဦးက NSS ကို ပြောသည်။

လက်နက်အကြီးအသေးအပါအဝင် ခဲယမ်းမျိုးစုံကို စုစုပေါင်းကား (၆)စီးဖြင့် ကယားပြည်နယ်ဘက်သို့ မှောင်ခိုသယ် ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများက သုံးသပ်ထားသည်။

ယင်းကဲ့သို့ ကား(၆)စီးဖြင့် လက်နက်ခဲယမ်းမျိုးစုံကို PNLO/PNLA ယူနီဖောင်းဝတ်ဆင်ထားသော လက်နက်ကိုင်များက စံဖူးကျေးရွာရှိ လမ်းပေါ်တွင် ဖျက်ဆီးခဲ့သည့်အတွက် မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မီးလောင်ပေါက်ကွဲမှုကြောင့် စံဖူးကျေးရွာရှိ ဒေသခံပြည်သူလူထုနေအိမ် (၂၆)လုံးထက်မနည်း မီးလောင် ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် လက်နက်ခဲယမ်းမျိုးစုံကို မှောင်ခိုသယ်ဆောင်လာသည့် ကား(၆)စီးအနက် ကား(၅)စီးသည် မီးလောင်ပျက်စီး သွားခဲ့ပြီး ကျန်ကားတစ်စီးသည် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟုလည်း ဒေသခံများက ထပ်မံပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်းမျိုး တစ်စုံတစ်ရာမရှိကြောင်းလည်း သိရသည်။

"တိုက်ပွဲ မဖြစ်ပါဘူး။ တစ်ချို့မီဒီယာတွေ ရေးနေတာရှိတယ်။ နစကနဲ့ PNLO တို့ တိုက်ပွဲပြင်းထန်တယ်ဆိုပြီး ရေးထားတာရှိတယ်။ ဒါပေမဲ့ အဲဒါတွေက မဟုတ်ဘူး။ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ ကားပေါ်မှာက RPG တွေ၊ ဗုံးတွေ ပါတယ်။ အဲဒါတွေ ပါလာတဲ့အခါကြတော့ မီးရှို့လိုက်တော့ ပေါက်ကွဲသံတွေ ထွက်တာပေါ့။ တိုက်ပွဲဖြစ်သလိုမျိုး အသံတွေက ထွက်တာပေါ့ လက်နက်အကြီးရော၊ အသေးရော အသံက မျိုးစုံဖြစ်သွားတာပေါ့။ တိုက်ပွဲမဖြစ်ဘူး"ဟု ဟိုပုံးဒေသခံက ဆက်လက်ပြောသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင်လည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသော KNPP၊ PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းအများအပြားကို ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ဖူးသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရတ်နိုင်ငံရှိ အီရန်လိုလားတဲ့လက်နက်ကိုင်အုပ်စုတွေကို လက်တုံ့ပြန်သွားမယ်လို့ အမေရိကန်အစိုးရပြော

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved