Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဟောလိုးဝင်းပွဲတော်ဖြစ်ရပ်ဆိုးနှင့်ပတ်သက်ပြီး ဆိုးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ပေါ့ဆမှုဖြင့် စွဲချက်တင်ခံရ

Pika (NSS) - ဇန်နဝါရီ ၂၁ 

တောင်ကိုရီးယားနိုင်ငံတွင် ၂ဝ၂၂ ခုနှစ် ဟောလိုးဝင်းပွဲတော်နေ့ကဖြစ်ပွားခဲ့သော လူပေါင်း(၁၆ဝ)နီးပါး သေဆုံး စေခဲ့သည့် လူနင်းမှုနှင့်ပတ်သက်ပြီး ဆိုးလ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲကို ပေါ့ဆမှုဖြင့် စွဲချက်တင်ထားကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။


၂ဝ၂၂ ခုနှစ် အောက်တိုဘာလ(၂၉)ရက်တွင် အသက်(၂ဝ)နှစ် နှင့် (၃ဝ)နှစ် အများဆုံးပါဝင်သော ထောင်နှင့်ချီသည့် လူများသည် ဟောလိုးဝင်းပွဲတော်ကိုဆင်နွှဲရန်အတွက် အီတေးဝန်ရပ်ကွက်သို့ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း ဘားများ နှင့် နိုက်ကလပ်များကြားတွင်ရှိသော ကျဉ်းမြောင်းသည့်လမ်းကြားအတွင်းတွင် လူများ အစုလိုက်အပြုံလိုက် ပိကျကာ လူနင်းမှုများဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း(၁၅ဝ) ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆိုးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ကင်ကွမ်ဟိုကို ပေါ့ဆမှုဖြင့် စွဲချက်တင်ထားကြောင်း ဆိုးလ်မြို့ အနောက်ပိုင်းခရိုင်အစိုးရရှေ့နေရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။


ထုတ်ပြန်ချက်တွင် "ရဲတပ်ဖွဲ့အကြီးအကဲအနေနဲ့ ကင်ကွမ်ဟိုဟာ ရဲအရာရှိတွေကို လုံလုံလောက်လောက် ဖြန့်ကျက်ထားခြင်း၊ သင့်လျော်တဲ့အမိန့်ပေးခြင်းနဲ့ ကြီးကြပ်ခြင်းလိုမျိုး လိုအပ်တဲ့အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိပါဘူး။ ဒီလိုညမျိုးမှာ လူအစုလိုက်အပြုံလိုက်ကြီး ရှိနေတာက အန္တရာယ်တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို သူသိခဲ့ပေမယ့် လိုအပ်တာတွေကို မလုပ်ဆောင်ခဲ့ပါဘူး" ဟု ရေးသားဖော်ပြထားသည်။


အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စစ်ဆေးစီရင်မှုများကို ရင်ဆိုင်ရမည့် ရဲတပ်ဖွဲ့အကြီးအကဲကင်ကွမ်ဟိုသည် ဖမ်းဆီးထိန်းသိမ်းခံရခြင်းမျိုးမရှိဘဲ စွဲချက်တင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တရားရုံးမှာ အမှုရင်ဆိုင်နေရသော Yongsan ရဲစခန်းမှူး၊ Yongsan ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဆိုးလ်မြို့ရဲတပ်ဖွဲ့ အကြီးအကဲ ကင်ကွမ်ဟိုတို့၏ ပေါ့ဆမှုကြောင့် လူ(၁၅၈)ဦးသေဆုံးကာ အခြားလူ(၃၁၂)ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့ သည့် ဟောလိုးဝင်းဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် ကင်ကွမ်ဟိုအား စွဲချက်တင်ခြင်းများမပြုလုပ်မီ အစိုးရရှေ့နေများ၏ ရှည်လျားသော ဆုံးဖြတ်ချက် ချမှတ် ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဝမ်းနည်းမိကြောင်း သေဆုံးသူများ၏ မိသားစုဝင်များက ပြောကြားခဲ့သည်။ အဆိုပါမိသားစုဝင်များ က "ရဲတပ်ဖွဲ့အကြီးအကဲ ကင်ကွမ်ဟိုဟာ သူ့ရဲ့ရာထူးကနေ ချက်ချင်းနှုတ်ထွက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်သင့်ပါတယ်။ သမ္မတယွန်ဆက်ယိုလ်ဟာ ကင်ကွမ်ဟိုကို ရာထူးကနေ ချက်ချင်းဖယ်ရှား ပစ်သင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနှင့်ထိစပ်နေသောနယ်စပ်တစ်လျှောက် ကွန်ကရစ်ဘန်ကာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း အက်စတိုးနီးယားအစိုးရ ကြေညာ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved