Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်စစ်တပ်က ဟူသီလက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်များကို (၅)ကြိမ်မြောက် တိုက်ခိုက်မှုပြုလုပ်

Pika (NSS) - ဇန်နဝါရီ ၂၁ 

အမေရိကန်စစ်တပ်သည် ဇန်နဝါရီလ(၂၀)ရက်တွင် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်များကို (၅)ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ(၅)ကြိမ်မြောက်တိုက်ခိုက်မှုသည် အေဒင်ပင်လယ်ကွေ့ရှိသင်္ဘောများကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသော ဟူသီလက်နက်ကိုင်အဖွဲ့၏သင်္ဘောဖျက်ဒုံးကျည်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။ 


ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်းရှိသင်္ဘောများကို တိုက်ခိုက်မှုများအား ဆက်လက်လုပ်ဆောင်နေ ခြင်းကြောင့် အမေရိကန်အစိုးရသည် အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့၏ စွမ်းဆောင်ရည် များကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။ ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။

အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က "ဇန်နဝါရီလ(၂ဝ)ရက် နံနက်(၄)နာရီဝန်းကျင်မှာ အမေရိကန်တပ်ဖွဲ့တွေဟာ အေဒင်ပင်လယ်ကွေ့ကို ချိန်ရွယ်ထားပြီး ပစ်လွှတ်ဖို့ပြင်ဆင်ထားတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ သင်္ဘောဖျက် ဒုံးကျည်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဒုံးကျည်တွေဟာ ဒေသအတွင်းမှာရှိ တဲ့ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာနိုင်တာမလို့ လေကြောင်းကနေ တိုက်ခိုက်ပြီး ဒုံးကျည်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အမေရိကန်ရေတပ်သင်္ဘော တွေနဲ့ ကုန်တင်သင်္ဘောတွေအတွက် နိုင်ငံတကာရေပိုင်နက်တွေမှာ သွားလာမှုကို ပိုမိုလုံခြုံစေမှာဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားပြီးနောက် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ အစ္စရေးနှင့်ဆက်နွယ်သော သင်္ဘောများ ကို ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပင်လယ်နီအတွင်းရှိ အမေရိကန်နှင့် ဗြိတိန်တို့၏ ကုန်တင်သင်္ဘောများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ က ထုတ်ပြန်ကြေညာခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဟောလိုးဝင်းပွဲတော်ဖြစ်ရပ်ဆိုးနှင့်ပတ်သက်ပြီး ဆိုးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ပေါ့ဆမှုဖြင့် စွဲချက်တင်ခံရ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved