အင်းတကော်မြို့ရှိ Farmer စက်သုံးဆီဆိုင်ဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းတစ်ဦး မီးလောင်သေဆုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၉
ပဲခူးတိုင်း၊ အင်းတကော်မြို့ရှိ Farmer စက်သုံးဆီဆိုင်ဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မေတ္တာရွှေစင်ပရဟိတအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၉ ရက်)၊ နံနက် ၂နာရီ ၄၀မိနစ်အချိန်တွင် အင်းတကော်မြို့၊ အမှတ်(၅) ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ Farmer စက်သုံးဆီဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆီဘောက်ဆာကားကနေ ဆီကန်ထဲကို ဆီထည့်နေတုန်းမှာ ဆီဆိုင်က ဝန်ထမ်းကောင်လေးက ပြည့်ပြီလားဆိုပြီး ဖုန်းမီးနဲ့ကန်ထဲကို ထိုးကြည့်တာ။ အဲဒီမှာ မီးထလောင်တာပါ”ဟု မေတ္တာရွှေစင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် Farmer စက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက်(၂၀)နှစ်အရွယ် မောင်သန်းထွန်အောင်တွင် မီးလောင်ဒဏ်ရာများရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆီဆိုင်က ပထမကန်ကပြီပြီး ဒုတိယကန်ကို ဖြည့်နေတုန်းလောင်တာ။ လူလည်းမီးလောင်တော့ ကင်သလိုဖြစ်ပြီး ဆုံးသွားတယ်။ ဆီကန်ထဲက ဆီတွေလည်း မီး လောင်သွားတယ်။ အများကြီးတော့မဟုတ်ဘူး။ ကားကိုမလောင်လို့တော်သေးတာပေါ့”ဟု ၎င်းကဆက်လက် ပြောသည်။
ထို့ကြောင့် သေဆုံးသူ အမျိုးသားကို မေတ္တာရွှေစင်ပရဟိတအသင်းမှ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲမှုမရှိဘူးဆိုရင် အစ္စရေးနိုင်ငံနဲ့သံတမန်ရေးဆက်ဆံရေး လုပ်ဆောင်မှာမဟုတ်ကြောင်း ဆော်ဒီအာရေဗျအစိုးရပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ