အင်းစိန်မြို့နယ်၌ Light Truck နှင့် တွဲကားတို့တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး သေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Light Truck နှင့် တွဲကားတို့တိုက်မိခဲ့ရာ အမျိုးသား(၂)ဦး သေဆုံးသွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)၊ ည ၈နာရီ ၁၅မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမကြီး၊ DENKO စက်သုံးဆီဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တွဲကားက ကွေ့လာတာကို Light Truck ကဝင်တိုက်မိတာ။ အဲဒီလိုတိုက်မိပြီး တွဲကားက ခေါင်းလည်ပြီး တိုက်တဲ့ Light Truck ကိုထပ်တိုက်မိတဲ့သဘောပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်တွင် Light Truck ကားပေါ်မှ အသက်(၄၀)နှစ်ဝန်းကျင် ယာဉ်မောင်းအမျိုးသားနှင့် အသက်(၃၅)နှစ်ဝန်းကျင် အမျိုးသားတို့သည် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“Light Truck ယာဉ်မောင်းက ကားခေါင်းထဲမှာညပ်နေပြီး အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတာ။ သူ့ဘေးက ယာဉ်နောက်လိုက်ကတော့ ဆေးရုံပို့ဖို့လုပ်နေတုန်း လမ်းမှာပဲ ဆုံးသွာတာပါ။ (၂)ယောက်လုံးကတော့ ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရကြတယ်။ ခြေထောက်တွေ လက်တွေကျိုးပြီး ရင်ဘတ်တွေလည်း ဒဏ်ရာတွေနဲ့ပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား(၂)ဦးအား တွဲလက်လူမှုကူညီရေးအသင်း နှင့် အနာဂတ်အလင်းတန်းပရဟိတအသင်းတို့ ပူးပေါင်းကာ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်-ပါကစ္စတန် တိုက်ခိုက်မှုတွေက အီရန်ကိုဒေသအတွင်းမှာ လူကြိုက်နည်းတာကို ပြသလိုက်ကြောင်း အမေရိကန်သမ္မတပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ