Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နှင့် ဗြိတိန်တို့က ယီမင်ရှိဟူသီလက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်များကို လေးကြိမ်မြောက် တိုက်ခိုက်မှုပြုလုပ်

Pika (NSS) - ဇန်နဝါရီ ၁၈ 

အမေရိကန်နှင့် ဗြိတိန်တို့၏တပ်ဖွဲ့များသည် ယီမင်နိုင်ငံ နယ်မြေလေးခုရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များ ကို လေးကြိမ်မြောက် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့မီဒီယာက ဇန်နဝါရီလ(၁၈) ရက်တွင် ရေးသားဖော်ပြခဲ့သည်။


ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများနှင့် အမေရိကန်ပိုင်သင်္ဘောများအား တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် နှင့် ဗြိတိန်တို့က ယခုကဲ့သို့တိုက်ခိုက်မှုများပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 


"အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေဟာ Al-Hodeida၊Taiz၊ Dhamar၊ Al-Bayda နဲ့ Saada မြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ" ဟု ဟူသီလက်နက်ကိုင်အဖွဲ့၏ Al-Masirah TV က ပြောခဲ့သည်။ 

သို့သော်လည်း ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့ အရာရှိတစ်ဦး က "အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးဖို့ကြိုးပမ်းနေ ပေမယ့်လည်း အစ္စရေးကိုဦးတည်သွားမယ့်သင်္ဘောတွေကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမှာပါ" ဟု ပြောခဲ့သည်။

အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့် အနေဖြင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ က ပြောကြားခဲ့သည်။ 

ထို့အပြင် ပင်လယ်နီအတွင်းရှိ အမေရိကန်ပိုင်ကုန်တင်သင်္ဘောများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မှုများအား ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် ကတိပြုပြောခဲ့ သည်။ အမေရိကန် နှင့် ဗြိတိန်တပ်ဖွဲ့တို့သည် ဟူသီလက်နက်ကိုင်အဖွဲ့အား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုဂံခေတ်ထက် နှစ်ပေါင်း(၁၀၀၀)ကျော်စောကာ ဗုဒ္ဓဘာသာတည်ရှိခဲ့ကြောင်း အထောက်အထားပြနေသည့် ရှေးဟောင်းစေတီတော်နေရာကို ဆက်လက်မပျက်စီးစေရန် ထိန်းသိမ်းမှုများပြုလုပ်ထား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved