Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘုရားစေတီများကို ဖျက်ဆီး၍ အဓိကရုဏ်းများဖြစ်ပေါ်ရန် အကြမ်းဖက်များ၏ ရည်ရွယ်လှုပ်ရှားများကို အသင်းအဖွဲ့ပေါင်း (၂၀)ကျော် ကန့်ကွက်ရှုတ်ချ

မြူနစ် (NSS) - ဇန်နဝါရီ ၁၇

ဘုရားစေတီများကိုဖျက်ဆီး၍ ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်စေရန် အကြမ်းဖက်များ၏ ရည်ရွယ်လှုပ်ရှားများကို အသင်းအဖွဲ့ပေါင်း (၂၀)ကျော်က ကန့်ကွက်ရှုတ်ချလိုက်သည်။


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဘာသာရေးအသင်းအဖွဲ့အပါအဝင် အဖွဲ့အစည်းပေါင်း(၂၀)ကျော်က ယမန်နေ့(ဇန်နဝါရီ လ ၁၆ ရက်)တွင် အသီးသီး ကန့်ကွက်ရှုတ်ချထားသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ၏ အဖွဲ့ဝင်အချို့သည် ဇန်နဝါရီလ ၈ ရက်တွင် လောက်ကိုင်မြို့ရှိ စေတီတစ်ဆူအား တုဖြင့် ထုကာဖျက်ဆီးခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အလားတူ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရားဆင်းတုတော်များကိုလည်း ဖျက်ဆီးနေသည့် ရုပ်သံဖိုင်များသည်လည်း လတ်တလော၌ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေလျက်ရှိသည်။

ထို့ပြင် အကြမ်းဖက်သမားများအနေဖြင့် တိုင်းနှင့် ပြည်နယ်အချို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများနှင့် ဘုရားရှိခိုးကျောင်းများကိုလည်း ဗုံးများ ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း နှင့် ဘုရားစေတီများကို အကာအကွယ်ယူကာ ခံစစ်စခန်းများ ပြုလုပ်ခြင်းများကို ကျူးလွန်လျက်ရှိသည်ဟုလည်း နစကမှ ဆိုသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသည့် အကြမ်းဖက် များ၏ လုပ်ရပ်အပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးတို့က ကန့်ကွက်ရှုတ်ချထားသည်။

အလားတူ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တော ဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာ  နိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်း အရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် ဗုဒ္ဓဘာသာကိုးကန့်ဓမ္မာရုံ လူမှုရေးရာစီမံခန့်ခွဲရေးကော်မတီမန္တလေးမြို့တို့ကလည်း အပြင်းအထန်ကန့်ကွက်ထားသည်။

စစ်ရေးနှင့်မသက်ဆိုင်သော ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင် အခြားဘာသာရေးဆိုင်ရာအဆောက်အဦးများနှင့် ဘုရှားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်းသည် ဘာသာရေးအဓိကရုဏ်းများ၊ လူမျိုးရေးအဓိကရိုဏ်းများဖြစ်ပေါ်စေရန်ရည်ရွယ်၍ လုပ် ဆောင်နေသည့် လက်နက်ကိုင်များအားလုံးကို ပြင်းထန်စွာရှုတ်ချသည်ဟု စစ်မှုထမ်းဟောင်းအဖွဲ့က သဘောထားထုတ်ပြန်ထားသည်။

“အဓိက ကတော့ ဗုဒ္ဓဘာသာက မြန်မာနိုင်ငံမှာ လူအများစုကိုးကွယ်တဲ့ ဘာသာဖြစ်တယ်။ အခြေခံဥပဒေမှာလည်း အသိ အမှတ်ပြုထားတယ်။ ဆိုတော့ လူအများကိုးကွယ်တဲ့ ဘာသာအပေါ်မှာ အခုလိုလက်နက်ကိုင်အကြမ်းဖက်အဖွဲ့က စော်ကားတာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဘယ်လိုမှ လက်သင့်ခံလို့ မရတဲ့ကိစ္စပဲ။ အဲဒါကို ကျွန်တော်တို့ ပါတီအနေနဲ့ ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်”ဟု အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။

ထို့ပြင် ဘုရားစေတီများကို ဖျက်ဆီးသည့်လုပ်ရပ်များနှင့်ပတ်သက်၍လည်း နိုင်ငံအတွင်းရှိ မြို့ပေါင်း (၃၀)ကျော်၌ ရဟန်း သံဃာတော်များနှင့် လူပုဂ္ဂိုလ်အများအပြားက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားနိုင်ငံရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် နစက၏ UEC ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဖိတ်ကြားထား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved