ရုရှားနိုင်ငံရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် နစက၏ UEC ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဖိတ်ကြားထား
Pearl (NSS) - ဇန်နဝါရီ ၁၇
ရုရှားနိုင်ငံရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် နစက၏ UEC ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို ဖိတ်ကြားထားကြောင်း နစက ၏ အချက်အလက်များအရသိရသည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သောအဖွဲ့တို့သည် ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ တွေ့ဆုံခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ ထိုသို့တွေ့ဆုံစဉ် ရုရှားသံအမတ်ကြီးက လာမည့် မတ်လအတွင်း ကျင်းပမည့် ရုရှားနိုင်ငံ၏ရွေးကောက်ပွဲကို UEC ဥက္ကဋ္ဌ နှင့် ကော်မရှင်မှ အဆင့်မြင့်ကိုယ်စားလှယ်များ လာရောက် လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လေ့လာရေးခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ နှင့် မြန်မာ နှင့် ရုရှား နှစ်နိုင်ငံကြား ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ရုရားနိုင်ငံ၏ ရွေးကောက်ပွဲကို လာမည့် မတ်လ (၁၅) ရက်မှ မတ်လ (၁၇) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ကာလအတွင်းက နစက၏ ရွေးကောက်ပွဲကော်မရှင် နှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့ကြား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက်မြင့်နေပြီး ပြင်ပဈေးကွက်၌သာ အရောင်းအဝယ်ဖြစ်နေ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ