ဒရုန်းများကို နေအိမ်တွင် တည်ဆောက်ကြရန် ပြည်သူများကို ယူကရိန်းအစိုးရ တိုက်တွန်း
Pika (NSS) - ဇန်နဝါရီ ၁၆
ရုရှားနှင့်ပဋိပက္ခအတွင်း ယူကရိန်းနိုင်ငံသားများသည် ဒရုန်းတည်ဆောက်မှုအွန်လိုင်းသင်တန်းများကို တက်ရောက်ကာ နိုင်ငံစစ်တပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ဒရုန်းများကို ၎င်းတို့နေအိမ်တွင် စတင်တည်ဆောက်သင့်ကြောင်း ဒုဝန်ကြီးချုပ်ဖြစ်သလို ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဖြစ်သူ မီခေးလ်ဖီဒိုရော့ဗ် က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီး၏ မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သော ၂ဝ၂၄ ခုနှစ်တွင် ဒရုန်းအစင်းရေ တစ်သန်း ထုတ်လုပ်မည့်ရည်မှန်းချက်သည် ပြည်သူများအနေဖြင့် အစိုးရကို ကူညီမည်ဆိုပါက အောင်မြင်နိုင်ကြောင်း မီခေးလ်ဖီဒိုရော့ဗ် က ပြောကြားခဲ့သည်။
ထို့အပြင် သေးငယ်သော first-person-view (FPV) ဒရုန်းများသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွက် အပြောင်းအလဲများဖြစ်လာနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ယူကရိန်းအစိုးရသည် ဒရုန်းထုတ်လုပ်မှုကို ကန့်သတ်ထားသည့် ဥပဒေ ဆိုင်ရာအတားအဆီးများအားလုံးကိုဖယ်ရှားခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ ကုမ္ပဏီများသည် ဒရုန်းထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်လာနေပြီဖြစ်ကြောင်း မီခေးလ်ဖီဒိုရော့ဗ် က ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်းနိုင်ငံသားများသည် (၇)လက်မရှိသော FPV ဒရုန်းများအား တပ်ဆင်နည်းကို သင်ကြားပေးမည့် အင်ဂျင်နီယာသင်တန်းများကို လေ့လာပြီးမြောက်ခြင်းဖြင့် ယူကရိန်းစစ်တပ်၏ ဒရုန်းလက်နက်တိုက်အား ပိုမိုမြှင့်တင်ပေးရန် ကူညီပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါအွန်လိုင်းပရိုဂရမ်တွင် ဟောပြောချက် များ၊ ကျွမ်းကျင်သူများ နှင့် Zoom သင်တန်းများ၊ ဒရုန်းတစ်ခုပြုလုပ်ရန် လိုအပ်သည့် ကိရိယာများနှင့်ပစ္စည်းများ စာရင်း၊ အကြံဥာဏ်နှင့် မေးခွန်းများအတွက် အင်ဂျင်နီယာအသိုင်းအဝိုင်းများကို ဝင်ရောက်ကြည့်ရှုခွင့် ပေးထား မည်ဖြစ်ကြောင်း မီခေးလ်ဖီဒိုရော့ဗ်က ပြောကြားခဲ့သည်။
သင်တန်းအသစ်ကို သီတင်းပတ်နှစ်ပတ်လျှင် တစ်ကြိမ် စတင်မည်ဖြစ်ပြီး အခမဲ့ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ ယူကရိန်း၏ စစ်ဦးစီးချုပ်များရုံးမှ အီလက်ထရွန်းနစ်နှင့် ဆိုက်ဘာစစ်ပွဲအကြီးအကဲ Ivan Pavlenko က "ရုရှားနိုင်ငံဟာ ယူကရိန်းတပ်ဖွဲ့တွေအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုဖြစ်လာတဲ့ ဒရုန်းတွေ အများအပြားကို ထုတ်လုပ်နေပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဆီးထားသော အစ္စရေးဓါးစာခံသုံးဦး၏ ဗီဒီယိုဖိုင်တစ်ခုကို ဟားမက်အဖွဲ့ ထုတ်ပြန်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း