Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်အစိုးရ ဖမ်းဆီးထိန်းသိမ်းထားသော ရေနံတင်သင်္ဘောပေါ်မှ အမှုထမ်းအားလုံး ဘေးကင်းကြောင်း သင်္ဘောကုမ္ပဏီပိုင်ရှင်ပြော

Pika (NSS) - ဇန်နဝါရီ ၁၅ 

ယခုသီတင်းပတ်အတွင်း အီရန်ရေတပ်က ဖမ်းဆီးထိန်းသိမ်းထားသော ရေနံတင်သင်္ဘောမှ သင်္ဘောအမှုထမ်း အားလုံး ဘေးကင်းကြောင်း သင်္ဘောကုမ္ပဏီပိုင်ရှင်က ဇန်နဝါရီလ(၁၄)ရက်တွင် ပြောကြားခဲ့သည်။ 

သင်္ဘောကုမ္ပဏီ၏ တာဝန်ရှိသူများသည် အီရန်အာဏာပိုင်များကို ဆက်သွယ်ခဲ့ပြီး St Nikolas ရေနံတင်သင်္ဘော ပေါ်မှ သင်္ဘောသားများအားလုံး ဘေးကင်းကြောင်း နှင့် ကျန်းမာရေးကောင်းမွန်သည့်အခြေအနေတွင်ရှိကြောင်း အင်ပါယာရေကြောင်း သွားလာရေးက ထုတ်ပြန်ချက်တစ်ခုတွင် ရေးသားဖော်ပြထားသည်။


အီရန်နိုင်ငံ Bandar Abbas မြို့ရှိ ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားသော Marshall ကျွန်းစုအလံလွှင့်တင်ထား သော ရေနံတင်သင်္ဘောပေါ်မှ သင်္ဘောသား(၁၉)ဦးကို တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းမျိုးမရှိသေးကြောင်း သင်္ဘောကုမ္ပဏီပိုင်ရှင်က ပြောကြားခဲ့သည်။

အဆိုပါရေနံတင်သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ ဖိလစ်ပိုင်နိုင်ငံသား(၁၈)ဦး နှင့် ဂရိနိုင်ငံသားတစ်ဦးတို့ဖြစ် ကြောင်း သိရသည်။ အီရန်အစိုးရသည် ဇန်နဝါရီလ(၁၁)ရက်တွင် St Nikolas ရေနံတင်သင်္ဘောကို ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် အီရန်ရေနံများတင်ဆောင်လာသည့် အဆိုပါ သင်္ဘောကို အမေရိကန်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းနှင့်ပတ်သက်ပြီး လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းမှုများ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရက ပြောကြားခဲ့သည်။

St Nikolas ရေနံတင်သင်္ဘောကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် အီရန်အစိုးရ၏ လုပ်ရပ်ကို အမေရိကန်က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ 

ထို့အပြင် အဆိုပါသင်္ဘောနှင့် သင်္ဘောအမှုထမ်းများအားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရက တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။ St Nikolas ရေနံတင်သင်္ဘောသည် အီရတ်နိုင်ငံ Basra မြို့တွင် ရေနံစိမ်းတန်ချိန်ပေါင်း (၁၄၅၀၀၀)ကို တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး Suez တူးမြောင်းမှတစ်ဆင့် တူရကီနိုင်ငံ Aliaga မြူနီစီပယ်သို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်းသိရသည်။ 

အိုမန်နှင့် အီရန်နိုင်ငံတို့ကို ပိုင်းခြားထားသော ရေနံတင်ပို့သည့်လုပ်ငန်းအတွက် အဓိကလမ်းကြောင်းဖြစ်သည့် အိုမန်ပင်လယ်ကွေ့တွင် ပြီးခဲ့သည့်နှစ်များအတွင်း ပြန်ပေးဆွဲမှုများနှင့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားခဲ့ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒရုန်းများကို နေအိမ်တွင် တည်ဆောက်ကြရန် ပြည်သူများကို ယူကရိန်းအစိုးရ တိုက်တွန်း

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved