ကျိုက္ခမီ-စက်စဲသွားကားလမ်းပေါ်၌ အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-စက်စဲသွားကားလမ်းပေါ်၌ အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့(ဇန်နဝါရီလ ၁၄ ရက်)၊ နံနက် ၁နာရီ ၁၅မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ-စက်စဲသွားကားလမ်း၊ တောင်ဖလုကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ဘေးကမြင်တဲ့လူတွေက အကြောင်း ကြားလိုသွားတဲ့အချိန်မှာ အလောင်းက လမ်းပေါ်မှာပါ။ တော်တော်အခြေအနေဆိုးတဲ့ ပုံမျိုးနဲ့ကားကြိတ်ခံပြီး သေဆုံးနေတာပေါ့” ဟု စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါကားကြိတ်ခံရသည့် အမျိုးသားသည်အသက် (၃၅)နှစ်အရွယ်ခန့်ဖြစ်ပြီး ကားကြိတ်ခံရသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားသမားကိုတော့မမိသေးဘူး။ အလောင်းကလည်း ခုချိန်ထိပိုင်ရှင်မပေါ်သေးပါဘူး။ အရင်ကလည်း အဲဒီနေရာတွေက ကားကြိတ်ခံရတာတို့၊ ယာဉ်တိုက်မှုတို့က ခဏခဏဖြစ်လေ့ရှိတဲ့နေရာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တော်မြို့နယ်၌ AA ပူးပေါင်းအဖွဲ့နှင့် တပ်မ တော်အကြား တိုက်ပွဲပြင်းထန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း