LV က Luxury အိတ် ဒီဇိုင်းအသစ်ကို ဒေါ်လာ ၃၀၀၀ ကျော်နဲ့ရောင်းချ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၃
ရုံးသွားတဲ့လူတွေ နေ့လည်စာတွေပါထည့်နိုင်မယ့် Luxury အိတ် ဒီဇိုင်းအသစ်ကို Louis Vuitton က ထုတ်လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီအိတ်ဟာ အသားညှပ်ပေါင်မုန့်၊ ဘာဂါတွေ ထည့်တဲ့ စက္ကူအိတ်တစ်လုံးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီအိတ်ဟာ အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော် တန်ဖိုးရှိပါတယ်။ ဒီ Luxury အိတ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြင်သစ်ဇိမ်ခံဖက်ရှင်ဟောက်စ်ရဲ့ အမျိုးသားဖန်တီးမှုဒါရိုက်တာအဖြစ် ဝီလီယံက ဒီဇိုင်းရေးဆွဲထားပြီး ၎င်းကို ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် ပြန်လည်ပုံဖော်ထားထားတာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ စက္ကူအိတ်အရွယ်အစားထက်ကြီးမားပြီး နွားဖြူသားရေနဲ့ ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် တိတိကျကျ ခေါက်ချိုးချိုးထားပြီး Brand တံဆိပ်ဖြစ်တဲ့ Louis Vuitton (LV)စာလုံးနဲ့ ပုံဖော်ထားပါတယ်။ အဆိုပါအိတ်ကို ဇန်နဝါရီလ ၄ ရက်က West Hollywood ပေါ့ပ်အပ်စတိုးမှာ အမေရိကန်ဒေါ်လာ ၃,၁၃၀ နဲ့ ရောင်းချခဲ့ပါတယ်။
Louis Vuitton ဟာ ဒီလိုနေ့စဉ်သုံး အသုံးအဆောင်ပစ္စည်းတွေကနေ ဆန်းသစ်တဲ့ဖက်ရှင်ကို ပုံဖော်ခဲ့ခြင်းဟာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၎င်းရဲ့ Spring-Summer 2007 collection မှာတုန်းက စျေးသက်သာတဲ့ ပလပ်စတစ်အ၀တ်ထည့်အိတ်တွေကိုလည်း Luxury ဆန်တဲ့ အိတ်တွေအဖြစ် ထုတ်ခဲ့ပါသေးတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညစ်ညမ်းသည့် အပြောအဆို၊ အပြုအမူများပါဝင်သည့် တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်မှုများကို ဥပဒေနှင့်အညီ အရေးယူမည်
RELATED POSTS
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,နိုင်ငံတကာ