ဘုတလင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုအတွင်းမှ လက်နက်/ခဲယမ်းများသိမ်းဆည်းရမိ
ကျော်(NSS) - ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေး ရွာ၏ စာသင်ကျောင်းအတွင်းရှိ PDF စခန်းတစ်ခုအား တပ်မတော်က ဝင်ရောက်ရှင်းလင်းရာ လက်နက်/ခဲယမ်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၂ ရက်)၊ နံနက်ပိုင်းက တပ်မ တော်မှ ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေးရွာ၏ စာသင်ကျောင်းအတွင်း PDF အဖွဲ့ဝင်များစခန်းချတပ်စွဲထားကြောင်းသတင်းအရ ဝင်ရောက်ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
"သတင်းပေးပို့ချက်ရတဲ့အတွက် တပ်မတော်ကရှင်း လင်းရေးသွားလုပ်ခဲ့တာပါ။ ပစ်ခတ်မှုမဖြစ်ခဲ့ဘူးလို့သိရတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ စာသင်ကျောင်းအတွင်းရှိ PDF စခန်းအား တပ်မတော်မှဝင်ရောက်ရှင်းလင်းရာ စခန်းအတွင်းမှ လက်လုပ်သေနတ်(၁၁) လက်၊ ရှော့တိုက်ပြောင်း(၃)ခုတွဲ(၁)လက်၊ ရှော့တိုက်ပြောင်း(၁)လက်၊ လက်လုပ်စိန်ပြောင်း(၁)လက်၊ ပြုလုပ်နေဆဲဖြစ်သည့် လုပ်လက်ဗုံးသီး (၁၆)လုံးနှင့်မိုင်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ တားမြစ်ပစ္စည်းပါ၀င်တဲ့ ကိုယ်အလေးချိန်ကျ ဆေးဝါးတွေကို အသုံးပြုခွင့်ပိတ်
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း