စင်ကာပူမှာ တားမြစ်ပစ္စည်းပါ၀င်တဲ့ ကိုယ်အလေးချိန်ကျ ဆေးဝါးတွေကို အသုံးပြုခွင့်ပိတ်
ရောင်နီ(NSS) - ဇန်နဝါရီ ၁၃
စင်ကာပူမှာ ကိုယ်အလေးချိန်ကျဆေးသောက်ပြီး လူနှစ်ဦး နှလုံးခုန်မြန်ခြင်း နဲ့ အလွန်အမင်းရေငတ်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရခြင်းကြောင့် ကျန်းမာ ရေးသိပ္ပံအာဏာပိုင် (HSA)က ကိုယ်အလေးချိန်လျှော့ချတဲ့ ထုတ်ကုန်အချို့ကို သတိပေးခဲ့ပါတယ်။
အဆိုပါ ဆေးဝါးတွေကို E commerce ပလပ်ဖောင်း Shopee မှ ရောင်းချတာဖြစ်ပြီး "သဘာဝဆေးဖက်ဝင်အပင်များ"နဲ့ဖော်စပ်ထားတဲ့ သဘာဝအဆီကျဆေးအဖြစ် ဝယ်သူတွေကို ဆွဲဆောင်ထားတာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေမှာ တားမြစ်အဆိပ်သင့်စေတဲ့ sibutramine ပမာဏအများအပြားပါရှိတာ တွေ့ရတယ်လို့ HSA က ဇန်နဝါရီလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ Sibutramine ဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင် ခြေရှိတာကြောင့် စင်ကာပူမှာ ၂၀၁၀ ခုနှစ်ကတည်းက တားမြစ်ထားတာ ဖြစ်ပါတယ်။
၎င်းပါဝင်တဲ့ ထုတ်ကုန်တွေကတော့ Nature Slim၊ Figure Up ၊ Slimming Seven Days ၊ Energy Booster Figure-Up New Look Strong Version တို့ဖြစ်ပါတယ်။ Shopee မှလည်း အဆိုပါ ထုတ်ကုန် စာရင်းတွေကို ဖယ်ရှားဖို့ ပလက်ဖောင်းစီမံခန့်ခွဲသူတွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့ထားတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးဟာ Nature Slim ကို နှစ်လကြာသောက်သုံးခဲ့ပြီး နှလုံးခုန်မြန်ခြင်း၊ ခံတွင်းခြောက်ခြင်းနဲ့ အလွန်အမင်းရေငတ်ခြင်းတို့ကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ထုတ်ကုန်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ အစားစားချင်စိတ်ကို ထိန်းချုပ်ဖို့ ရိုးရာဆေးနည်းတစ်ခုအဖြစ် စျေးကွက်တင်ခဲ့တာ ဖြစ်ပါတယ်။ အခြားသုံးစွဲသူတွေလည်း ခံတွင်းခြောက်ခြင်း၊ အလွန်အမင်း ရေငတ်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ကို ရက်အနည်းငယ်ကြာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။
တားမြစ်ထားတဲ့ ဓာတုပစ္စည်းများ၊ ကုန်ပစ္စည်းများ ရောင်းချခြင်းနဲ့ ဖြန့်ဖြူးရောင်းချသူ မည်သူကိုမဆို ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ HSA မှ ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်တာဝါတိုင်တစ်တိုင်လျှင် ငွေကျပ်သန်း(၃၀၀) နီးပါးကုန်ကျပြီး ဖျက်ဆီးခံခဲ့ရသည့် တာဝါတိုင်ပေါင်း (၉ဝ)နီးပါးရှိနေ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ