Centralized e-Pension စနစ်ဖြင့် ပင်စင်ထုတ်ပေးနေသည့် ဘဏ်ခွဲပေါင်း(၅၀)ကျော်ရှိ
ယွန်း (NSS) - ဇန်နဝါရီ ၁၁
အဆင့်မြှင့်တင်ထားသည့် Centralized e-Pension စနစ်ဖြင့် ပင်စင်ထုတ်ပေးနေသည့် ဘဏ်ခွဲပေါင်း(၅၅)ဘဏ်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်က အသိပေးထုတ်ပြန်ထားသည်။
မြန်မာ့စီးပွားရေးဘဏ်က ပြီးခဲ့သည့် ဇန်နဝါရီလ(၉)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာ ထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ယခု(၂၀၂၄ ခုနှစ်)၊ ဇန်နဝါရီလအထိ Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ဘဏ်ခွဲပေါင်း (၅၅) ဘဏ်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“အရင်ကတော့ စာအုပ်နဲ့ထုတ်ရတာ။ အခုက ကတ်နဲ့ထုတ်ရတယ်။ ကတ်နဲ့ထုတ်တာက ပိုလည်းမြန်တယ်၊ ပိုလည်းအဆင် ပြေတယ်။ စာအုပ်နဲ့ကတော့ ရေးတာတွေဘာတွေလည်းလုပ်ရတယ် ကြာတာပေါ့။ တချို့လည်းစာအုပ်နဲ့ထုတ်နေတာတွေရှိတယ်။ ကတ်နဲ့ထုတ်တဲ့သူကတော့ ပိုများတယ်”ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် အငြိမ်းစားဝန်ထမ်းတစ်ဦးက NSS ကိုပြောသည်။
သို့ဖြစ်၍ အငြိမ်းစားဝန်ထမ်းများအနေဖြင့် အဆိုပါ ဘဏ်ခွဲ (၅၅)ဘဏ်အတွင်း မည်သည့်ဘဏ်ခွဲတွင်မဆို ပင်စင်လစာများကို e-Pension ကတ်ဖြင့် တစ်ဘဏ်မှ တစ်ဘဏ်သို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်မှုအခမဲ့ဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ဝန်ဆောင်မှုဘဏ်ခွဲ ထပ်တိုးသည့် ဘဏ်ခွဲစာရင်းများကိုလည်း www.meb.gov.mm တွင် အချိန်နှင့် တစ်ပြေးညီတင်ပြပေးမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နှစ်လအတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်းကို တပ်မတော်သား ၄ဝဝ ကျော် တိမ်းရှောင်ဆုတ်ခွာခဲ့ဟုဆို
RELATED POSTS
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,နိုင်ငံတကာ