ပြည်တွင်းဈေးကွက်၌ brand အထည်များထက် ဘေထုပ်ထည်ဝယ်ယူမှုများပြားလျက်ရှိနေ
ယွန်း (NSS) - ဇန်နဝါရီ ၁၁
ပြည်တွင်းဈေးကွက်၌ brand အထည်များ ဝယ်ယူခြင်းထက် ဘေထုပ်ထည်ဝယ်ယူသူများပြားနေကြောင်း ကြည့်မြင်တိုင် ဘေထုပ်တန်းရှိ ပင်ရင်းဆိုင်ကြီးထံမှ သိရသည်။
ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ညအပူ ချိန်များလျော့နည်းပြီး အအေးပိုလာမှုများကြောင့် ယခုကာလအတွင်း ရန်ကုန်မြို့ရှိ ဘေထုပ်ဆိုင်များတွင် အနွေးထည်များအဝယ်လိုက်နေပြီး ရောင်းအားကောင်းနေကြောင်း သိရသည်။
“အခုရက်ပိုင်းက နည်းနည်းလေးလည်းအေးလာတော့ အနွေး ထည်တွေကပိုပြီး အဝယ်လိုက်တာပေါ့။ ဈေးကတော့ အခုအချိန်မှာ အထူတွေက အနည်းဆုံး (၅၅၀၀)ကနေ၊ အများဆုံး (၁၅၀၀၀)အထိ ရောင်ပေးနေပါတယ်။ အရင်လတွေထက်စာရင် ဒီလမှာအဝယ်ပိုများလာပါတယ်။ တော်တော် ရောင်းရတယ်။ တစ်ရက်ကိုခါတိုင်းထက်(၄)(၅)သိန်းလောက်ကို ပိုရောင်းရတယ်။ စနေ၊ တနင်္ဂနွေမှာတော့ ပိုပြီးရောင်းရတာပေါ့။ ရောင်းအားလည်း ကောင်းနေပါတယ်”ဟု အထက်ပါပင်ရင်းဆိုင်ကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဘေထုပ်ဆိုင်များအနေဖြင့် ပြီးခဲ့သည့်လများတွင်လည်း ရောင်းအားကောင်းခဲ့သော်လည်း လက်ရှိဇန်နဝါရီလသည် ပို၍ရောင်းအားကောင်းနေပြီး တစ်ရက်လျှင် ယခင်ထက် (၅)သိန်း ဖိုးခန့် ပို၍ရောင်းနေရကြောင်း သိရသည်။
“အရင်ကတော့ brand တွေဘာတွေ ဝယ်ဝတ်ဖြစ်တယ်။ အခုကကျတော့ ကုန်ဈေးနှုန်းတွေကလည်းတက်လာတာရယ်။ ရတဲ့လစာရယ်နဲ့က ဘယ်လိုမှ အဆင်မပြေတော့ ဘေလ်ထုတ်ပဲဝယ်ဖြစ်တော့တယ်။ ဈေးလည်းမကြီးဘူး ဝတ်ရတာလည်းအဆင် ပြေပါတယ်။ အဲဒီလိုမျိုးက ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး။ တော်တော်များများရှိကြတယ်။ တချို့ဆိုင်တွေဆို ဝယ်တဲ့သူကြိတ်ကြိတ်တိုးနေတာပဲ”ဟု ရန်ကုန်မြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။
လက်ရှိကာလတွင် မြင့်တက်လာသည့် ကုန်ဈေးနှုန်းများနှင့် စီးပွားရေးအဆင်မပြေမှုများကြောင့် ပြည်သူများအနေဖြင့် Brand အဝတ်အစားများကို ဝယ်ယူခြင်းထက် ဈေးနှုန်းသင့်တင့်သည့် ဘေထုပ်ထည်များကိုသာ ရွေးချယ်ဝယ်ယူမှု များပြားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှတိုက်အနောက်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေ အကြိမ်ပေါင်း ၁၂၇ ကြိမ် တိုက်ခိုက်ခံရကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,နိုင်ငံတကာ