ပါကစ္စတန်နိုင်ငံတွင် ပိုလီယိုကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကိုပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင် အနည်းဆုံး(၅)ဦး သေဆုံး
Pika (NSS) - ဇန်နဝါရီ ၈
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇန်နဝါရီလ(၈)ရက်က ပိုလီယိုကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ပစ်မှတ် ထားသည့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး(၅)ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
"ပိုလီယိုတိုက်ဖျက်ရေးလှုပ်ရှားမှုတွေအတွက် ရဲတပ်ဖွဲ့ ဝင်(၂၅)ဦးဝန်းကျင် လိုက်ပါလာတဲ့ ရဲထရပ်ကားတစ်စီးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ပါ။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး(၅)ဦး သေဆုံးခဲ့ပြီး အခြားလူ(၂ဝ)ကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်" ဟု Bajaur ခရိုင်အကြီးတန်း အစိုးရအရာရှိ Anwar ul Haq က ပြောခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက် အတိအကျကို အကြီးတန်းရဲအရာရှိ Kashif Zulfiqar က အတည် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဖဂန်နစ္စတန်နိုင်ငံနှင့် ထိစပ်နေသောနယ်စပ်ရှိ Bajaur ခရိုင် Mamund ရွာတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဒေသသည် တာလီဘန်တို့က ၂ဝ၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ကို ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်း ကတည်းက စစ်သွေးကြွများ တိုးမြင့်လာသည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှု အတွက် စစ်သွေးကြွများတွင် တာဝန်ရှိသည်ဆိုသည့် ပြောဆိုချက်များ လက်ရှိအချိန်အထိ မရှိသေးသော်လည်း ပါကစ္စတန်တာလီဘန် အပါအဝင် စစ်သွေးကြွများသည် ပိုလီယိုကာကွယ်ဆေးထိုးပေးသူများ နှင့် ၎င်းတို့၏ လုံခြုံရေးစောင့်ကြပ်ပေးသူများကို သတ်ဖြတ်ခြင်းများအား ယခင်တည်းက လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ့မွန်အသင်းကို အငှားစာချုပ်နဲ့သွားရောက်ကစားနိုင်ဖွယ်ရှိနေတဲ့ ချဲလ်ဆီးနောက်ခံလူ အီယန်မက်ဆန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ