ဂါဇာစစ်ပွဲ ပိုမိုကျယ်ပြန့်လာမှာကို မလိုလားကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇
အမေရိကန်နိုင်ငံအနေနဲ့ ဂါဇာဒေသစစ်ပွဲကို အခြားအရှေ့အလယ်ပိုင်းဒေသတွေအထိ ထပ်မံပျံ့နှံ့သွားမှာကို မလိုလားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ တူရကီနဲ့ ဂရိနိုင်ငံခရီးစဉ်အတွင်း အခုလိုမျိုးပြောဆိုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis အပြင် တူရကီသမ္မတအာဒိုဂမ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က "ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အစ္စရေးနဲ့ လက်ဘနွန်နယ်စပ် ဒေသအခြေအနေကို စိုးရိမ်နေတယ်။ ကျွန်တော်တို့ဟာစ စ်ပွဲအရှိန်ထပ်မံ မမြင့်တက်အောင် အရာရာတိုင်း လုပ်ဆောင်သွားမယ်။ ပဋိပက္ခတွေဟာ ဂါဇာဒေသထက်ကျော်လွန်ပြီးဖြစ်လာမယ်ဆိုရင် ဘယ်သူမှ အကျိုးစီးပွား ဖြစ်လာမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ ပင်လယ်နီ ဒေသ နဲ့ လက်ဘနွန်နယ်စပ်ဒေသတွေမှာ တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရပါတယ်။ အမေရိကန်အစိုးရ ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ငွေကြေးရရှိအောင် အဓိကဖန်တီးပေးနေသူ ငါးဦးကို ဆုကြေးငွေ ထုတ်ပြန် ထားပြီး အဲဒီငါးဦးထဲမှာ ပါဝင်သူသုံးဦးက တူရကီနိုင်ငံမှာ နေထိုင်နေသူတွေဖြစ်ကြောင်း သိရပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး နှစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက စစ်ပွဲထဲကို တတိယအဖွဲ့အစည်း၊ နိုင်ငံတွေ ပါဝင်လာမှာကို ကြိုတင်ဟန့်တားနိုင်ဖို့ မြေထဲပင်လယ်ဒေသကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ဖူးပါတယ်။
အမေရိကန်အစိုးရဟာ သံတမန်တွေကိုအရှေ့အလယ်ပိုင်းဒေသကိုစေလွှတ်ပြီး စစ်ပွဲ ပိုမိုကျယ်ပြန့်မှာကို တားဆီးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်မှာ ငွေသားဒေါ်လာ ၄ဝဝဝ ကို ခွေးက ကိုက်ဖြတ်စားသောက်ခဲ့ခြင်းကြောင့် ခွေးပိုင်ရှင်စုံတွဲ အခက်တွေ့ခဲ့ရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း