အမေရိကန်မှာ ငွေသားဒေါ်လာ ၄ဝဝဝ ကို ခွေးက ကိုက်ဖြတ်စားသောက်ခဲ့ခြင်းကြောင့် ခွေးပိုင်ရှင်စုံတွဲ အခက်တွေ့ခဲ့ရ
ရောင်နီ (NSS) - ဇန်နဝါရီ ၇
အမေရိကန်စုံတွဲတစ်တွဲဟာ ၎င်းတို့ဘဏ်မှ ထုတ်လာတဲ့ ဒေါ်လာ ၄ဝဝဝ ကို ၎င်းတို့ရဲ့အိမ်မွေးခွေးက ကိုက်ဖြတ်စားသောက်လိုက်ခြင်းကြောင့် ကြီကြီးမားမား အခက်တွေ့သွားခဲ့ရပါတယ်။
ခွေးနာမည်ကတော့ ဆီဆဲလ် ဖြစ်ပါတယ်။ "သူက ဒေါ်လာ ၄ဝဝဝ မစားခင်အထိတော့ သူ့ဘဝမှာ ဘာတစ်ခုမှ မကောင်းတာမှ မလုပ်ဖူးဘူး” လို့ သူ့ရဲ့ပိုင်ရှင် မစ္စကယ်ရီလောက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
အသက် ခုနှစ်နှစ်အရွယ် ရွှေရောင်အမွှေးအမှင်တွေနဲ့ ခွေးကလေး ဆီဆဲလ် ဟာ ၎င်းရဲ့ပိုင်ရှင်များဖြစ်တဲ့ မစ္စတာကလေတန်လောနဲ့ သူ့ရဲ့ ဇနီး ကယ်ရီလောတို့ရဲ့ ဘဏ်ကနေ ထုတ်လာတဲ့ အသစ်စက်စက် ဒေါ်လာ ၄ဝဝဝ ကို ကိုက်ဖြတ်စားသောက်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလက ပန်ဆယ်ဗေးနီးယားမှာ ဖြစ်ပွားခဲ့တာပါ။ စုံတွဲဟာ ဘဏ်ကနေ ငွေထုတ်ယူလာပြီး မီးဖိုချောင်ကောင်တာမှာ ငွေကို ထားခဲ့မိရာကနေ ခွေးက ကိုက်ဖြတ်စားသောက်လိုက်ခြင်း ဖြစ်ပါတယ်။ ဆီဆဲလ်ရဲ့အပြုအမူဟာ အင်စတာဂရမ်မှာ Like နဲ့ မှတ်ချက်များစွာ ရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် စုံတွဲဟာ အခက်တွေ့ခဲ့ပေမယ့် ဘဏ်က ငွေစက္ကူ အကြွင်းအကျန်တွေကို သန့်ရှင်းရေးလုပ်ပြီး နံပါတ်စဉ်တွေ မြင်တွေ့ရဆဲ ငွေစက္ကူတွေ ပြန်လဲလှယ်မယ်ဆိုရင် ငွေသားပြန်ပေးမယ်လို့ အာမခံပေးခဲ့ပါတယ်။ ဒါကြောင့်စုံတွဲဟာ ဆီဆဲလ်ရဲ့အညစ်အကြေးတွေမှ ရရှိတဲ့ ငွေအကြွင်းအကျန်တွေကို ဆေးကြောခဲ့ကာ နံပါတ်စဉ် တွေ ပေါ်လွင်တဲ့ငွေသားကို ဘဏ်ကို ပေးပို့ခဲ့ခြင်းကြောင့် လျော်ကြေးပြန်ရခဲ့ပြီး၊ ဒေါ်လာ ၄၅ဝ သာ ဆုံးရှုံးခဲ့ရတယ် လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက Yeonpyeong ကျွန်းအနီးသို့ အမြောက်ကျည်(၆ဝ)ကျော် ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ