Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားက Yeonpyeong ကျွန်းအနီးသို့ အမြောက်ကျည်(၆ဝ)ကျော် ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော

Pika (NSS) - ဇန်နဝါရီ ၇

မြောက်ကိုရီးယားစစ်တပ်သည် ဇန်နဝါရီလ(၆)ရက်တွင် Yeonpyeong ကျွန်းအနီးသို့ အမြောက်ကျည် (၆ဝ) ကျော် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် အဆိုပါဧရိယာအနီးသို့ အမြောက်ကျည်ပေါင်း(၂ဝဝ)ကျော်ကို ပစ်လွှတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ပစ်လွှတ်မှုများ ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တောင်ကိုရီးယားဖက် က သတိပေးမှုများရှိနေသည့်ကြားမှ မြောက်ကိုရီးယားက အမြောက်ကျည်များ ထပ်မံပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ 

"ဒီဇင်ဘာလ(၆)ရက်နေ့ ညနေ(၄)နာရီနဲ့ (၅)နာရီခန့်လောက်မှာ မြောက်ကိုရီးယားစစ်တပ်ဟာ Yeonpyeong ကျွန်းအနောက်မြောက်ဘက်ဧရိယာထဲကို အမြောက်ကျည်(၆ဝ) ကျော် ပစ်လွှတ်ခဲ့ပါတယ်" ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက  ပြောခဲ့သည်။

မြောက်ကိုရီးယားအစိုးရသည် ဇန်နဝါရီလ(၅)ရက်တွင် တောင်ကိုရီးယားကျွန်းများဖြစ်သော Yeonpyeong နှင့် Baengnyeong ကျွန်းများအနီးသို့ အမြောက်ကျည်ပေါင်း(၂ဝဝ)ကျော် ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ 


မြောက်ကိုရီးယားဖက်က ပစ်လွှတ်မှုများလုပ်ဆောင်ပြီးနောက် အဆိုပါကျွန်းနှစ်ကျွန်းလုံးရှိ ဒေသခံများကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းကြရန် တောင်ကိုရီးယားအစိုးရက အမိန့်ထုတ်ခဲ့ကြောင်းလည်း သိရသည်။

ဇန်နဝါရီလ(၅)ရက် နှင့် (၆)ရက်တွင် မြောက်ကိုရီးယားဖက်က ပစ်လွှတ်လိုက်သော အမြောက်ကျည်များသည် နှစ်နိုင်ငံကြား ၂ဝ၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော တင်းမာမှုလျှော့ရေး သဘောတူညီချက်အရ ဖန်တီးထား သည့်နယ်စပ်တစ်လျှောက်ရှိ ကြားခံဇုန်အတွင်းသို့ ကျရောက်သွားခဲ့ကြောင်း သိရသည်။ အဆိုပါကြားခံဇုန်အတွင်း အမြောက်ကျည်ပစ်လွှတ်မှုများ ပြန်လည်စတင်ခြင်းသည် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေခြင်းဖြစ်ပြီး တင်းမာမှုများကို ပိုမိုတိုးမြင့်လာစေသည့် ရန်စသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ဇန်နဝါရီလ(၆)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

တောင်ကိုရီးယားအစိုးရသည် ပြင်းထန်သည့် သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ရန်စသည့်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ ထုတ်ပြန်ချက်ထဲတွင် "မြောက်ကိုရီးယားဟာ ဒီလိုလုပ်ရပ်တွေကို မရပ်တန့်ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့အတွက် သင့်လျော်တဲ့အစီအစဉ်တွေကို ပြန်လည်လုပ်ဆောင်သွားမှာပါ" ဟု ရေးသားထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လယ်ယာထွက်ကုန်တင်ပို့ခြင်းမှရသည့် ပို့ကုန်ရငွေ(၇၀)ရာခိုင်နှုန်းကို ဒီဇယ်ဆီဝယ်ယူခြင်းအတွက်သာ အသုံးပြုမည်

RECENT POSTS
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved