မလေးရှားနိုင်ငံ ပီနန်မှာ လာမယ့်သီတင်းပတ်အတွင်း ၉၆ နာရီကြာ သုံးရေဖြတ်တောက်မည်
ရောင်နီ (NSS) - ဇန်နဝါရီ ၇
မလေးရှားနိုင်ငံ၊ ပီနန်မှာ လာမယ့်သီတင်းပတ်အတွင်း ၄ ရက်ကြာ ရေပေးဝေမှု ဖြတ်တောက်သွားမယ်လို့ ပီနန်ရေပေးဝေရေးကော်ပိုရေးရှင်း (PBAPP) မှ အသိပေးလာခဲ့ပါတယ်။
PBAPP ရဲ့ ပြီးခဲ့တဲ့လက အဆိုအရ Sungai Dua ရေသန့်စင်စက်ရုံမှာ အဆို့ရှင် အစားထိုးခြင်းနဲ့ ပင်မပိုက်လိုင်း တစ်လျှောက် အခြားနေရာအများအပြားမှာ ပြုပြင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ အခုလိုရေပေးဝေမှု ဖြတ်တောက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် နေရာအများအပြားမှာ ရေပေးဝေမှု ခဏရပ်ဆိုင်းမှာဖြစ်ပြီး အချို့နေရာတွေမှာတော့ ရေဖိအားနည်း မယ်လို့ သတိပေးထားပါတယ်။ PBAPP ဟာ ပီနန်ရှိ သုံးစွဲသူပေါင်း ၆၇ဝဝဝဝ ကျော်ကို ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ချောင်ကွန်ရော က အဆိုပါ အစားထိုးလဲလှယ်ရေးလုပ်ငန်းစဉ်ဟာ စိန်ခေါ်တစ်ခုဖြစ်ပြီး ဒီလို လုပ်ဆောင်မှုကိုလည်း အများပြည်သူအနေနဲ့ နားလည်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ရေပြတ်တောက်နေချိန်အတွင်း အချို့ဈေးသည်တွေနဲ့ စားသောက်ဆိုင်အချို့ဟာ ရက်အနည်းငယ်ကြာ ဆိုင် ပိတ်ထားရဖွယ်ရှိတယ်လို့ သိရပါတယ်။ မလေးရှားထုတ်လုပ်သူများအသင်းချုပ် (FMM) က အဆိုပါ ရေဖြတ်တောက်ခြင်းအတွက် ရင်းဂစ်သန်းပေါင်းများစွာ ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ ပိုမိုကျယ်ပြန့်လာမှာကို မလိုလားကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း