ရေနက်ပိုင်းတွေမှာသာ နေတတ်လေ့ရှိတဲ့ ရှားပါး Oarfish သတ္တဝါ ထိုင်းနိုင်ငံ စတွန်ခရိုင်မှာ တွေ့ရှိ
ရောင်နီ (NSS) - ဇန်နဝါရီ ၇
ပင်လယ်ရေနက်ပိုင်းတွေမှာသာ နေထိုင်ကျတ်စားကြလေ့ရှိတဲ့ "Oarfish” ကို ထိုင်းနိုင်ငံ၊ စတွန်ခရိုင်မှာ ရှာဖွေတွေ့ ရှိခဲ့တယ်လို့ အဏ္ဏဝါဂေဟဗေဒပညာရှင် သွန်သန်ရွန်ဂါဝါစဝက် က ၎င်းရဲ့ Facebook စာမျက်နှာမှာ ဇန်နဝါရီ ၃ ရက်က ဖော်ပြခဲ့ပါတယ်။
Kasetsart University ရဲ့ငါးဖမ်းပညာဌာနမှ ကထိကတစ်ဦးက အဆိုပါ သတ္တဝါကို ကမ္ဘာတစ်ဝန်း တွေ့ရလေ့ရှိ တယ်လို့ အတည်ပြုခဲ့ပေမယ့် တချို့ကတော့ အဆိုပါတွေ့ရှိမှုကို တအံ့တသြဖြစ်ကြရပါတယ်။ "ထိုင်းလူမျိုးတွေဟာ ရေနက်ငါးမဖမ်းတဲ့အတွက် oarfish နဲ့ မရင်းနှီးဘူး” လို့ မစ္စတာ သွန်သန်ရွန်ဂါဝါစဝက် က ပြောကြားခဲ့ပါတယ်။
အဆိုပါ ငါးကို ကပ္ပလီပင်လယ်ပြင်ရှိ ငါးဖမ်းလှေတစ်စီးမှ ဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယသမုဒ္ဒရာ အနောက်ဘက်ပိုင်း အပူပိုင်းနဲ့ သမုဒ္ဒရာ အရှေ့ဘက်ခြမ်းထက် ပိုအေးတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ကြောင့် ဒီလိုရေနက်ပိုင်းသတ္တဝါတွေ ပေါ်လာတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ ငလျင်လှုပ်တာနဲ့ ဘာမှမဆိုင်ဘူးလို့လည်း သူက ဆိုထားပါတယ်။
Oarfish ကို ဂျပန်လူမျိုးတွေမှာတော့ သဘာဝဘေးအန္တရာယ် ကျရောက်တော့မှာကို သတိပေးဖို့ ပင်လယ်နတ် ဘုရားမှ ပို့လွှတ်လိုက်တဲ့ တမန်တစ်ပါးအဖြစ် ယုံကြည်ထားပါတယ်။ Oarfish တွေဟာ သမပိုင်းသမုဒ္ဒရာဇုန်မှ အပူပိုင်းဒေသများအထိ ဒေသများစွာမှာ ရှင်သန်လေ့ရှိပါတယ်။ အရွယ်အစား အလွန်ရှည်လျားတဲ့ ငါးအမျိုးအစား ဖြစ်ပြီး ဧရာမ oarfish တစ်ကောင်ဟာ အရှည် ၁၁ မီတာအထိ ကြီးထွားရှင်သန်နိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ လမ်းဖြတ်ကူးသည့် ဆိုင်ကယ်ကို Alphard ကားမှ ဝင်တိုက်မိရာ ဆိုင်ကယ်ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း